မေမေတို့ရေ သားသားမီးမီးလေးတေွ အာဟာရရှိရှိစားသုံးနိုင်ဖို့အတွက် ပဲနီလေး မုန်လာဥနီတို့ကို ပေါင်းပြီး ဖြည့်စွက်စာလေး ပြင်ဆင်ပေးရအောင်နော်။ ပြင်ဆင်ရတာလည်း လွယ်ကူပြီး ကလေးငယ်တေွလည်း အကြိုက်တေွ့စေမှာဖြစ်လို့ မေမေတို့အတွက် အဆင်ပြေစေနိုင်မှာပါနော်။
ပါဝင်ပစ္စည်းများ
ပဲနီလေး ၂ ဇွန်း
ဆန် ၂ ဇွန်း
မုန်လာဥနီ တစ်ပိုင်း
ရေ
ပြုလုပ်ပုံအဆင့်ဆင့်
-ဆူပွက်နေတဲ့ ရေတည်ထားတဲ့ အိုးထဲကို ပဲနီလေး နှစ်ဇွန်းနဲ့ ဆန်နှစ်ဇွန်းတို့ကိုရောပြီး ကြိုပါမယ်။ ဆန်နဲ့ ပဲနီလေးတို့ကို နူးအိနေအောင် ကျိုမှာ ဖြစ်ပါတယ်။
-ဆန်နဲ့ ပဲနီလေးတို့ နူးအိသွားပြီဆိုတာနဲ့ အခွံနွှာပြီး စိတ်ထားတဲ့ မုန်လာဥနီကို အိုးထဲကို ထပ်ထည့်ပြုတ်ပါမယ်။ ရေနည်းနေပါက ရေထပ်ထည့်လို့ ရပါတယ်။
-နူးအိနေအောင်ပြုတ်ထားတဲ့ ဆန်နဲ့ပဲနီလေး အပါအဝင် မုန်လာဥနီ နူးပြီဆိုတာနဲ့ ရေခမ်းတာအတော်လောက်ဖြစ်ပြီဆိုရင် ပြုတ်ထားတဲ့အိုးကိုမီးဖိုပေါ်က ချနိုင်ပါပြီ။
-ပြီးရင် အအေးခံပြီး Blander (ကြိတ်စက်နဲ့ ခုနက ပြုတ်ထားတာတေွကို ကြိတ်ချေပေးရပါမယ်။
-အဲဒါကို ပြုလုပ်ပြီးပြီဆိုတာနဲ့ ၁၀လသားအရွယ် ကလေးတေွအတွက် အနံ့အရသာနဲ့ ပြည့်စုံတဲ့ ပဲနီလေးမုန်လာဥနီအနှစ်ကို ကျေှးလို့ရပါပြီ။