မေမေတို့ရေ သားသားမီးမီးလေးတေွ အာဟာရရှိရှိစားသုံးနိုင်ဖို့အတွက် ပဲတောင့်ရှည်၊ အာလူး၊ ပန်းဂေါ်ဖီတို့ကို ပေါင်းပြီး ဖြည့်စွက်စာလေး ပြင်ဆင်ပေးရအောင်နော်။ ပြင်ဆင်ရတာလည်း လွယ်ကူပြီး ကလေးငယ်တေွလည်း အကြိုက်တေွ့စေမှာဖြစ်လို့ မေမေတို့အတွက် အဆင်ပြေစေနိုင်မှာပါနော်။
ပါဝင်ပစ္စည်းများ
-ပဲတောင့်ရှည် ၅ တောင့်
-ပန်းဂေါ်ဖီ တစိစိတ်
-အာလူး ၁ လုံး
-ရေ
ပြင်ဆင်ပြုလုပ်နည်း
၁. ပဲတောင့်ရှည်တေွကို ရေဆေးပြီး အလယ်ကနေ တစ်ဝက်ပိုင်းပါမယ်။ပန်းဂေါ်ဖီနဲ့ အာလူးကိုလည်း ရေဆေးပြီး ပန်းဂေါ်ဖီကို ထည့်ပြုတ်လို့ရမယ့် အနေတောိအရွယ်တေွစိတ်ပါမယ်။
၂. အာလူးကိုတော့ အခွံနွှာပြီး အနေတော်အရွယ်တေွ ပါးပါးလှီးပါမယ်။
၃. ပြီးတာနဲ့ရေဆူနေတဲ့အိုးထဲကို အနေတော် တုံးထားတဲ့ အသီးတေွ အကုန်လုံးကို ထည့်ပြုတ်မှာဖြစ်ပါတယ်။ပြုတ်ထားတဲ့ အိုးထဲကို ဆားအနည်းငယ် ထည့်လို့ရပါတယ်။
၄. ပြုတ်ထားတဲ့အသီးတေွ အကုန်လုံးနူးပြီးဆိုတာနဲ့ ရေခမ်းတာလဲအတော်အနေအထားကိုရောက်ပြီဆိုရင်တော့ အိုးကို မီးဖိုပေါ်ကနေချနိုင်ပါပြီ။
၅. အဲဒီနောက် အအေးခံပြီး Blander (ကြိတ်စက်) ထဲကို ထည့်ကြိတ်ရမှာပဲဖြစ်ပါတယ်။
၆. ကြိတ်တဲ့အခါမှာ အရည်ကိုအနည်းငယ်ချန်ပြီးကြိတ်ပါက အရည်ကျဲကျဲ လေးရရှိနိုင်ပါတယ်။ပြီးရင်တော့ ကလေးကို ကျေှးနိုင်ပါပြီ။
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)