ကိုယ့်ကိုကိုယ်လည်း learn လုပ်ရမယ်။ ကိုယ့်ပတ်ဝန်းကျင်ကိုလည်း learn လုပ်ရမယ်။ ကိုယ့်နိုင်ငံကိုလည်း Learn လုပ်ရမယ်။ ကိုယ့်မြို့ရွာကိုလည်း learn လုပ်ရတယ်။ အဓိပ္ပါယ်က ဘာလဲဆိုတော့ Social, Culture မိမိကိုယ်တိုင်ရဲ့ Self-emotion အကုန်လုံးကို Learn လုပ်မှ ကြီးလာတဲ့အခါ ပြီးပြည့်စုံတဲ့ လူကြီးဖြစ်မှာလေ။
Learn လုပ်နိုင်တဲ့ အခွင့်အရေးမိဘက ဖွင့်ပေးရမယ်။မိဘက ပြုစုပျိုးထောင်ပေးရမယ်။မိဘက အဆင့်(၁)ရအောင် ကိုယ့်ကလေးကို Try လုပ်ရမှာ မစုတ်ဘူး။ မိဘက အဆင့်(၁)ရတာကို ဂုဏ်ယူနေစရာမဟုတ်ဘူး။
"ကလေးက အတန်းထဲမှာ အဆင့်(၁) ရနေကျ မရတော့ဘူး။"
"ဆိုတော့ ...ခင်ဗျားကလေးက အခုမှ Normal ဖြစ်သွားတယ်" လို့ဆရာပြောလိုက်တယ်။
"ခင်ဗျားကလေး အတန်းထဲမှာ ၆၀ ရှိရင် တစ်ယောက်က အဆင့်(၁) ရရင် ကျန်တဲ့ ၅၉ယောက်က အဆင့် ၁ မရဘူးလေ။"
"တစ်ယောက်က Normal လား။ ၅၉ယောက်က Normalလား" လို့ ဆရာမေးလိုက်တယ်။
အဲဒီလို အဆင့် ၁ ရတဲ့ကလေးတိုင်းကရော ကြီးလာတဲ့အခါ လောကကြီးထဲမှာ အောင်မြင်တဲ့ လူကြီးတစ်ယောက်ဖြစ်မှာလား။
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)