ကလေးငယ်ကို အစာစကျေှးလျှင် ထိုင်လျက်အနေအထား သို့မဟုတ် တစ်ဝက် တစ်ပျက်ထိုင်သည့် အနေအထားခွံ့ကျေှးပါ။မိခင်၏ ပေါင်ပေါ် သို့မဟုတ် ကုလားထိုင်နှင့်ထိုင်လျှင် ကလေးဦးခေါင်းသည် မိခင်၏ ဝမ်းဗိုက်ထက် ကျော်ရမည်။ကလေးကို ပက်လက်အနေအထားနှင့် အစာကျေှးပါက အစာသည်းတတ်သည်။
သို့မဟုတ် တုံ့ပြန်မှုကြောင့် အစာပြန်ထွက်ရာ၌ အပြင်သို့မထွက်ဘဲ လေပြွန်ထဲဝင်ပြီး ပက်လက်အနေအထားတွင် ကလေးငယ် အစာဆို့နစ်စေနိုင်သည်။
ကလေးငယ်ကို အစာစကျေှးချိန်တွင်ကလေးငယ်သည် သက်သောင့်သက်သာရှိပြီး အစာစားခြင်းဖြင့် ပျော်ရွှင်နေစေရမည်။ ကလေးငယ်ကို အစာအတင်းမကျေှးရ။ ခြိမ်းခြောက်မကျေှးရ။ အစားစာခြင်းကို ပျော်စရာတစ်ခုအဖြစ် ကလေးမြင်ပါစေ။
ကလေးစားမည့် အစာအရောင်အသေွးစုံစွာဖြင့် စားချင့်သဖွယ်ဖြစ်ပြီး အရသာကောင်းမွန်ပါစေ။
ကလေးငယ် မအိပ်မီ နာရီဝက် ၁ နာရီ အချိန်တွင် အစာကျေှးက ကလေးငယ်ကိုလိုက်ပြီး နှစ်ခြိုက်စွာ အိပ်ပျော်စေပါသည်။သို့သော် ညစာကို လျေှာ့ကျေှးပါ။ ကလေးငယ် ဆာနေသေးသည်ဟု ထင်လျှင် နို့တိုက်ပါ။
သကြားနှင့် အချိုလွန်ကဲသော အစားအစာများရေှာင်ကြဉ်ပါ။တစ်ခါတစ်ရံ အနည်းငယ်ကျေှးပါ။ အကျင့်မဖြစ်ပါစေနှင့်။
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)