မေမေတို့ရေ သားအိမ်ပြင်ပမှာ သန္ဓေတည်ကြတဲ့ မိခင်လောင်းတေွှကုံတေွ့ရနိုင်တဲ့ဆိုးကျိုးလက္ခဏာတေွကို မေမေတို့သိဖို့အတွက် ဗဟုသုတအနေနဲ့ မှျဝေလိုက်ပါတယ်နော်။
- သားဥပြွန်ပေါက်ကွဲခြင်းဖြစ်တတ်ပြီး အဲ့ဒါကြောင့် သန္ဓေသားပျက်စီးတာ၊ မိခင်မှာသေွးယိုစိမ့်သေွးပေါင်ကျတာ၊ သေွးအားအရမ်းနည်းပြီး အရေးပေါ်ခွဲစိတ်မှုမလုပ်ရင် အသက်ဆုံးရံှုးတဲ့အထိဖြစ်ပေါ်စေနိုင်ပါတယ်။
- သားဥပြွန် မပေါက်ကွဲဘူးဆိုရင်လည်း ကိိုယ်ဝန်ပျက်ခြင်းကြောင့် သန္ဓေသားက ဆက်လက်မဖွံ့ဖြိုးနိုင်ဘဲ ပျက်စီးသွားတတ်ပါတယ်။ မိခင်ရဲ့ခန္ဓာကိုယ်ထဲမှာ သေွးတေွယိုစိမ့်ပြီး အပေါ်မှာဖော်ပြခဲ့သလို အသက်ဆုံးရံှုးတဲ့အထိ ဖြစ်ပေါ်စေနိုင်ပါတယ်။
- တစ်ခါတစ်ရံမှာတော့ သန္ဓေသားက သားအိမ်ထဲကိုမသွားဘဲ သားဥပြွန်ကနေတဆင့် ၀မ်းဗိုက်ထဲရောက်သွားပြီး ဆက်လက်ကြီးထွားလာတာမျိုးလည်းဖြစ်တတ်ပါတယ်။ အဲ့ဒီအခါမှာတော့ ၀မ်းဗိုက်ထဲက အူတေွနဲ့ကလေးရဲ့အချင်းက တွယ်ကပ်လာပြီး နေ့စေ့လစေ့နီးပါးကြီးထွားလာတာမျိုးလည်းဖြစ်တတ်ပါတယ်။ ဒါမျိုးကတော့ ဖြစ်ခဲပါတယ်။ အဲ့ဒီလိုကလေးတေွကိုတော့ သဘာဝအတိုင်းမေွးဖွားလို့ မရနိုင်ပါဘူး။ ဗိုက်ခွဲမေွးရင်တောင် အထူူးကျွမ်းကျင်တဲ့ဆရာဝန်ကြီးတေွနဲ့ မေွးဖွားမှသာအဆင်ပြေစေမှာပါ။
မေမေတို့ရေ ဒီလိုအခြေအနေမျိုးတေွမကြုံတေွ့ရစေဖို့အတွက် ကိုယ်ဝန်ဆောင်ရပြီဆိုတာကို သိတာနဲ့ဆရာဝန်နဲ့ဗိုက်အပ်ပြီး ကျန်းမာရေးစောင့်ရေှာက်မှုကို ခံယူသင့်ပါတယ်နော်။
မိခင်နဲ့ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)