မေမေတို့ရေ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအတွက် ကျန်းမာရေးစောင့်ရေှာက်မှုတေွကို ကိုယ်တိုင်ဂရုပြုသင့်ပါတယ်နော်။ အတတ်နိုင်ဆုံး ကိုယ်ဝန်ရှိလာပြီဆိုတာနဲ့ သက်ဆိုင်ရာကျန်းမာရေးဌာန၊ ဆရာဝန်၊ ဆရာမတေွထံမှာ ကိုယ်ဝန်အပ်ထားဖို့သင့်ပါတယ်။ ဆရာဝန်တေွနဲ့ပြသဖို့အတွက် အနည်းဆုံးတော့ လေးကြိမ်ရှိထားသင့်ပါတယ်။ ဆရာဝန်တေွ၊ ဆရာမတေွရဲ့ လမ်းညွှန်မှုနဲ့ လိုအပ်တဲ့ သေွး၊ ဆီးစစ်ဆေးမှုတေွကို ခံယူရပါမယ်။ အာဟာရပြည့်ဝတဲ့အစားအစာတေွကို စားရပါမယ်။ အားဆေး၊ သံဓာတ်ပါတဲ့ဆေး၊ ဗီတာမင်ပါတဲ့ဆေးတေွကို သောက်ရပါမယ်။
မိခင်တစ်ဦးအနေနဲ့ စိတ်ကိုကြည်အောင်ထားပြီး မင်္ဂလာရှိအောင်နေထိုင်ဖို့လည်း လိုပါတယ်။ သာယာတဲ့တေးဂီတ၊ သီချင်း၊ ဓမ္မတေးတေွကို နားထောင်ပေးဖို့လိုပါတယ်။ ဒေါသမဖြစ်အောင် အတတ်နိုင်ဆုံး ထိန်းချုပ်ပါ။ ကိုယ်ဝန်ဆောင်ထားချိန် ကြမ်းတမ်းတဲ့စကားတေွ၊ ဆဲဆိုတဲ့စကားတေွကိုု မပြုမိဖို့ ဂရုစိုက်ရပါမယ်။
ဗိုက်ထဲက ကလေးကို စကားတေွများများပြောပြီး ၀မ်းဗိုက်ထဲမှာကတည်းက ကလေးနဲ့ ရင်းနှီးမှုရအောင်ပြုသင့်ပါတယ်။ ကိုယ့်ရဲ့ရင်သေွးလေးနဲ့စကားပြောရင်း ရင်သေွးလေးရဲ့အကြောင်းကိုပဲ တေွးတောနေမိရင် မိခင်ရဲ့ကျန်းမာရေးအတွက်လည်း ကောင်းမွန်စေတယ်လို့ ဆိုကြပါတယ်။
Ref;မေ့ရင်သေွး