မေမေတို့ရေ ကလေးတေွမေွးပြီးစ ချက်မကြေွမီအချိန်မှာ သူတို့ရဲ့ချက်ကြိုးကို ထိခိုက်မှုမရှိစေဖို့အတွက် ဂရုစိုက်သင့်ပါတယ်။ ချက်ကြိုးနဲ့ပတ်သက်ပြီး ဂရုစိုက်ရတဲ့နေရာမှာ ချက်ကနေသေွးယိုတာတေွလည်း ရှိတတ်တာကြောင့် ဘာကြောင့်ဖြစ်ရတယ်။ ဘယ်လိုမျိုးပြုလုပ်ပေးရမယ်ဆိုတာမျိုးလေးကို မှျဝေပေးလိုက်ပါတယ်နော်။
ချက်ကနေသေွးယိုတယ်ဆိုတာ ချက်ကြိုးလျော့နေရင် ဖြစ်တတ်ပါတယ်။ အခုခေတ်မှာတော့ ချက်ကြိုးညှပ်တဲ့ကလစ်ကိုသုံးတာကြောင့် အဲ့ဒီလိုဖြစ်နိုင်ချေနည်းပါးပါတယ်။ ဒါပေမယ့်လည်း အကြောင်းအမျိုးမျိုးနဲ့ ချက်ကြိုးလျော့သွားတာဖြစ်တတ်လို့ သေွးယိုတာမျိုးဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်လာခဲ့တယ်ဆိုရင်တော့ နောက်တစ်ကြိမ်ချက်ကြိုးကို ချည်ပေးရပါမယ်။ ဒါမှမဟုတ်ရင်လည်း ချက်ကြိုးညှပ်တဲ့ကလစ်နဲ့ ပြန်လည်ညှပ်ပေးသင့်ပါတယ်။ ပုံမှန်ဆိုရင်တော့ ချက်ကအနာကျက်ပြီးအနာဖေးတက်ချိန် ကလေးရဲ့လှုပ်ရှားမှုကြောင့်လည်း တစ်ခါတစ်ရံမှာ သေွးစို့တာမျိုးဖြစ်တတ်ပါတယ်။
မိခင်တေွအနေနဲ့ အနာဖေးကနေ သေွးစို့တာလား သေွးယိုတာလားဆိုတာကိုတော့ ခွဲခြားတတ်ဖို့လိုပါတယ်။ သေွးစို့တာမျိုးကတော့ စိုးရိမ်စရာမရှိဘဲ ဆေးဝါးတေွထည့်ဖို့လည်းမလိုတာကြောင့် အစိုးရိမ်လွန်ပြီး ဆေးထည့်မှပိုမိုမကောင်းဖြစ်သွားတာမျိုးတေွရှိတတ်လို့ ဂရုတစိုက်နဲ့ ကြည့်ရှုပေးဖို့အတွက် ကျားလေးက မှျဝေပေးလိုက်ပါတယ်နော်။
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)