Kyarlay.com

almost 2 years

ကေလးေတြနဲ႕ သတိျပဳစရာ တီဘီေရာဂါ


Vjbhxnifkniys1luaj5u

ေမေမ၊ ေဖေဖတုိ႕ေရ ကိုယ့္ရဲ႕ရင္ေသြးကေလးေတြမွာ တီဘီေရာဂါရွိ၊ မရွိဆိုတာကို သိရွိၿပီး ကုသမႈေပးႏိုင္ဖို႕လိုအပ္ပါတယ္။ တီဘီေရာဂါက အခ်ိန္မီကုသၿပီး ဆရာ၀န္လမ္းညႊန္ခ်က္ေတြအတိုင္း ေဆးကိုပံုမွန္တိုက္ေပးမယ္ဆိုရင္ ေပ်ာက္ကင္းၿပီး စိတ္ပူဖို႕မလိုေတာ့ပါဘူူးေနာ္။ အဲ့ဒါေၾကာင့္လည္း တီဘီေရာဂါရွိေန၊ မရွိေနဆိုတာကို အရင္ဆံုး သိရွိဖို႕အတြက္ ဒီအခ်က္ေလးေတြကို ေလ့လာထားႏိုင္ပါတယ္။



Dhttw4c9yvlpcslxiaqn

ကေလးငယ္မွာ ႏွစ္ပတ္ထက္ပိုၿပီးေခ်ာင္းဆိုးတာ၊ ထင္ရွားတဲ့အေၾကာင္းအရာမရွိဘဲ ႏွစ္ပတ္ထက္ပိုၿပီးဖ်ားတာ၊ ကိုယ္အေလးခ်ိန္က်ဆင္းတာ (ဒါမွမဟုတ္) ရွိသင္တဲ့ကိုယ္အေလးခ်ိန္အထိ တိုးတက္မလာတာ၊ တီဘီိေရာဂါသံသယရွိသူ (ဒါမွမဟုတ္) တီဘီေရာဂါသံသယရွိသူနဲ႕ အနီးကပ္ေနထိုင္ခဲ့တာ အဲ့ဒီလိုအခ်က္တြနဲ႕ ၿငိေနၿပီဆိုရင္ေတာ့ ေမေမ၊ ေဖေဖတို႕က ကေလးငယ္ရဲ႕ တီဘီေရာဂါအတြက္ စစ္ေဆးဖို႕လိုအပ္ေနပါၿပီ။ တကယ္လို႕ ေဖေဖ၊ ေမေမတို႕က သံသယရွိၿပီဆိုရင္ေတာ့ နီးစပ္ရာေဆးရံု၊ ေဆးခန္းေတြမွာျပသၿပီး စစ္ေဆးခ်က္ေတြကို ရယူလို႕ ေရာဂါျဖစ္ပြားေနၿပီဆုိပါက ဆရာ၀န္ရဲ႕ညႊန္ၾကားခ်က္အတိုင္း လိုက္နာေဆးတိုက္ဖို႕လိုအပ္ေနပါၿပီ။


Gkt8orffiwecai7tbjzm

ေဖေဖ၊ ေမေမတို႕ေရ ကိုယ့္မိသားစုအတြင္း တီဘီေရာဂါရွိႏုိင္၊ မရွိႏိုင္ဆိုတာအတြက္ကိုလည္း ဒီေမးခြန္းေလးေတြကို ေျဖဆိုၾကည့္ၿပီး ခန္႕မွန္းသိႏိုင္ပါတယ္။ တကယ္လို႕ ကိုယ့္ရဲ႕အေျဖဟာ ဟုတ္တယ္ဆိုတာေတြခ်ည္းမ်ားေနရင္ေတာ့ ဆရာ၀န္ေတြနဲ႕ ျပသတိုင္ပင္သင့္ပါတယ္ေနာ္။

Source - အမ်ဳိးသားတီဘီေရာဂါ တိုက္ဖ်က္ေရးစီမံကိန္း

ေပ်ာ္ရႊင္က်န္းမာတဲ့ မိသားစုဘ၀ေလးကို ပိုင္ဆိုင္ႏိုင္ေစဖို႕အတြက္ ေဖေဖ၊ ေမေမအားလံုးက ႀကိဳးပမ္းႏိုင္ပါေစလို႕ က်ားေလးက ဆႏၵျပဳပါတယ္ေနာ္ ..

မိခင္နဲ႕ရင္ေသြးတိုင္းအတြက္ ေမတၱာမြန္ျဖင့္
HM (က်ားေလး)

>>>> Unicode Version <<<<


Cefgiumeurcdot6cdaza

ကလေးတွေနဲ့ သတိပြုစရာ တီဘီရောဂါ

မေမေ၊ ဖေဖေတို့ရေ ကိုယ့်ရဲ့ရင်သွေးကလေးတွေမှာ တီဘီရောဂါရှိ၊ မရှိဆိုတာကို သိရှိပြီး ကုသမှုပေးနိုင်ဖို့လိုအပ်ပါတယ်။ တီဘီရောဂါက အချိန်မီကုသပြီး ဆရာဝန်လမ်းညွှန်ချက်တွေအတိုင်း ဆေးကိုပုံမှန်တိုက်ပေးမယ်ဆိုရင် ပျောက်ကင်းပြီး စိတ်ပူဖို့မလိုတော့ပါဘူူးနော်။ အဲ့ဒါကြောင့်လည်း တီဘီရောဂါရှိနေ၊ မရှိနေဆိုတာကို အရင်ဆုံး သိရှိဖို့အတွက် ဒီအချက်လေးတွေကို လေ့လာထားနိုင်ပါတယ်။
ကလေးငယ်မှာ နှစ်ပတ်ထက်ပိုပြီးချောင်းဆိုးတာ၊ ထင်ရှားတဲ့အကြောင်းအရာမရှိဘဲ နှစ်ပတ်ထက်ပိုပြီးဖျားတာ၊ ကိုယ်အလေးချိန်ကျဆင်းတာ (ဒါမှမဟုတ်) ရှိသင်တဲ့ကိုယ်အလေးချိန်အထိ တိုးတက်မလာတာ၊ တီဘီိရောဂါသံသယရှိသူ (ဒါမှမဟုတ်) တီဘီရောဂါသံသယရှိသူနဲ့ အနီးကပ်နေထိုင်ခဲ့တာ အဲ့ဒီလိုအချက်တွနဲ့ ငြိနေပြီဆိုရင်တော့ မေမေ၊ ဖေဖေတို့က ကလေးငယ်ရဲ့ တီဘီရောဂါအတွက် စစ်ဆေးဖို့လိုအပ်နေပါပြီ။ တကယ်လို့ ဖေဖေ၊ မေမေတို့က သံသယရှိပြီဆိုရင်တော့ နီးစပ်ရာဆေးရုံ၊ ဆေးခန်းတွေမှာပြသပြီး စစ်ဆေးချက်တွေကို ရယူလို့ ရောဂါဖြစ်ပွားနေပြီဆိုပါက ဆရာဝန်ရဲ့ညွှန်ကြားချက်အတိုင်း လိုက်နာဆေးတိုက်ဖို့လိုအပ်နေပါပြီ။
ဖေဖေ၊ မေမေတို့ရေ ကိုယ့်မိသားစုအတွင်း တီဘီရောဂါရှိနိုင်၊ မရှိနိုင်ဆိုတာအတွက်ကိုလည်း ဒီမေးခွန်းလေးတွေကို ဖြေဆိုကြည့်ပြီး ခန့်မှန်းသိနိုင်ပါတယ်။ တကယ်လို့ ကိုယ့်ရဲ့အဖြေဟာ ဟုတ်တယ်ဆိုတာတွေချည်းများနေရင်တော့ ဆရာဝန်တွေနဲ့ ပြသတိုင်ပင်သင့်ပါတယ်နော်။

Source - အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်း

ပျော်ရွှင်ကျန်းမာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်စေဖို့အတွက် ဖေဖေ၊ မေမေအားလုံးက ကြိုးပမ်းနိုင်ပါစေလို့ ကျားလေးက ဆန္ဒပြုပါတယ်နော် ..

မိခင်နဲ့ရင်သွေးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)