မေမေတို့ရေ ကလေးတစ်ယောက် တော်တယ်ထက်မြက်တယ်ဆိုတာကို ဘယ်လိုစံနှုန်းတေွနဲ့ တိုင်းတာပါသလဲတဲ့။ အများအားဖြင့်တော့ ကလေးတစ်ဦးရဲ့ ထက်မြက်မှုတေွကို အတန်းပညာတေွနဲ့ ဆုံးဖြတ်တတ်ကြတာများပါတယ်။ ကလေးတေွအားလုံးမှာ တစ်ဦးနဲ့တစ်ဦး အရည်အချင်းတေွ ထက်မြက်မှုတေွမတူညီကြပါဘူ။ အတန်းပညာမှာ တော်တယ်၊ ထက်မြက်တယ်ဆိုရုံနဲ့တင် ကလေးတစ်ဦးရဲ့ အရည်အချင်းကို တိုင်းတာလို့မရဘူးလို့ဆိုပါတယ်။ ကလေးတေွရဲ့ ထက်မြက်မှုကိုပြောမယ််ဆိုရင် မိဘတေွအများစုက လွဲမှားစွာ မှတ်ယူနေမှုတေွနဲ့အတူ ကလေးငယ်ကိုဖိအားတေွပေးမိတတ်ကြပါတယ်။
အကောင်းဆုံးကတော့ ကလေးတစ်ဦးထက်မြက်ထူူးချွန်လာဖို့ဆိုရင် သူတို့ရဲ့စိတ်ပျော်ရွှင်မှု၊ စူးစမ်းလေ့လာလိုစိတ်နဲ့ မိဘတေွနဲ့အတူ ကောင်းမွန်တဲ့ဆက်နွယ်မှု relation ship တေွရှိနေဖို့အတွက် အရမ်းကို အရေးကြီးပါတယ်။ မေမေတို့တေွအားလုံးက ကလေးငယ်တေွအတွက် အချိန်ပြည့်အနားရှိမနေနိုင်ဘူးဆိုရင်တော့ နို့တိုက်ချိန်၊ အိပ်စက်ချိန်လေးတေွမှာ ကလေးငယ်နဲ့အကောင်းဆုံးရင်းနှီးမှုတေွကို အရယူထားပြီး ကလေးငယ်တေွရဲ့စိတ်ပျော်ရွှင်မှုတေွကို ဖန်တီးပေးဖို့လိုပါတယ်။ အထီးကျန်မှုတေွခံစားမသွားရစေဖို့အတွက် မေမေတို့တေွ ကလေးတေွကိုထိန်းကျောင်းသူတေွအပေါ်မှာ မူတည်နေပါတယ်။ ကလေးတစ်ယောက်ထူူးချွန်ထက်မြက်မှုကို သူ့ရဲ့လုပ်ကိုင်နိုင်စွမ်းအားတေွအပြင် အများနဲ့ပေါင်းသင်းဆက်ဆံမှု၊ စိတ်နေစိတ်ထား အရာအားလုံးအတွက်ပါ ဦးတည်တိုင်းတာဖို့အတွက် လိုအပ်နေပါတယ် မေမေတို့ရေ။
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)