စျေး မီဒီယာ
အခြား

ဟင်းသီးဟင်းရွက်အစုံ စွပ်ပြုတ် ...

Posted by Harry August 6, 2018
Wake7ounfijhlqp8yo6m

မေမေတို့ရေ သားသားမီးမီးလေးတေွအတွက် ဟင်းသီးဟင်းရွက်အစုံ စွပ်ပြုတ်လေးကို ဖြည့်စွက်စာလေး ပြင်ဆင်ပေးလိုက်ရအောင်နော်။ ဒီဖြည့်စွက်စာလေးကတော့ ကလေးတေွရဲ့ အစားစားချင်စိတ်ကို ပိုမိုဖြစ်ပေါ်စေပြီး အာဟာရလည်း ပြည့်ဝစေပါတယ်။

ပါ၀င်ပစ္စည်းများ ...
- ပဲဝါလေး ... စားပွဲဇွန်း ၃ ဇွန်း
- ပဲသီး ... တစ်တောင့်
- မုန်လာဥနီ .. အသေးတစ်ဥ
- အာလူး ... အသေးတစ်ဥ
- ရေွှဖရုံသီး ... တစ်စိတ်

ပြင်ဆင်ချက်ပြုတ်နည်း ..
- ဦးစွာ ပဲဝါလေးကို ရေဆေးပြီးရေစိမ်ထားပါ။
- ပဲသီးကို ရေဆေးပြီးအတုံးလေးများတုံးထားပါ။
- မုန်လာဥနီကို အခွံခွာရေဆေးပြီးအတုံးလေးများတုံးထားပါ။
- အာလူးကို အခွံခွာရေဆေးပြီး အတုံးလေးများတုံးထားပါ။
- ရေွှဖရုံသီးကိုအခွံခွာရေဆေးပြီး အတုံးလေးများတုံးထားပါ။
- ပဲဝါလေးကို တစ်နာရီခန့်ရေစိမ်ပြီးပါက ပါ၀င်ပစ္စည်းများအားလုံးကို အိုးသန့်သန့်လေးထဲသို့ပေါင်းထည့်ပါ။
- ရေပန်းကန်လုံးတစ်လုံးခွဲခန့်ထည့်ပြီး ပေါင်းပါ။
- ပါ၀င်အမယ်များအားလုံးနူးအိသွားပြီး ရေခမ်းစပြုပါက မီးဖိုပေါ်မှချပြီး အအေးခံကာ blander ဖြင့်ချေပြီး သားသားမီးမီးတို့အတွက် ပြင်ဆင်ပေးနိုင်ပါပြီ။

မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.