မေမေတို့ရေ သားသားမီးမီးလေးတေွ အာဟာရရှိရှိစားသုံးနိုင်ဖို့အတွက် အာလူး၊ မုန်လာဥနီ၊ ဆန်တို့ကို ပေါင်းပြီး ဖြည့်စွက်စာလေး ပြင်ဆင်ပေးရအောင်နော်။ ပြင်ဆင်ရတာလည်း လွယ်ကူပြီး ကလေးငယ်တေွလည်း အကြိုက်တေွ့စေမှာဖြစ်လို့ မေမေတို့အတွက် အဆင်ပြေစေနိုင်မှာပါနော်။
ပါ၀င်ပစ္စည်းများ ...
- အားဖြည့်ဆန် .. စားပွဲဇွန်း ၂ ဇွန်း
- မုန်လာဥနီ .. အသေးတစ်ဥ
- အာလူး .. တစ်လုံး
ပြင်ဆင်ပြုလုပ်နည်း ..
- ဦးစွာ အားဖြည့်ဆန်ကို ရေဆေးပြီး အိုးသန့်သန့်ထဲသို့ထည့်ပြီး ရေပန်းကန်လုံးတစ်လုံးထည့်တည်ထားပါ။
- မုန်လာဥနီကို အခွံခွာရေဆေးပြီး အတုံးလေးများတုံးထားပါ။
- အာလူးကိုအခွံခွာရေဆေးပြီး အတုံးလေးများတုံးထားပါ။
- ဆန်အိုးပူလာပါက မုန်လာဥနီ၊ အာလူးထည့်ပြီး ရေဆူအောင်တည်ထားပါ။
- ပါ၀င်ပစ္စည်းများအားလုံးနူးအိသွားပြီး ရေခမ်းပါက မီးဖိုပေါ်မှချပြီး ကျေအောင်ချေပေးရပါမယ်။
- blander နဲ့မေွှမယ်ဆိုရင်လညး်ရပါတယ်နော်။ ၆ လနဲ့ ၈ လကြားကလေးငယ်တေွအတွက်ကတော့ blander နဲ့ မေွှပြီးမှ ပြင်ဆင်ကျေွးမေွးတာ အဆင်ပြေမှာပါနော်။
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)