မေမေတို့ရေ ကိုယ်ဝန်ဆောင်မိခင်ဖြစ်လာတဲ့အခါမှာ သေွးသားအပြောင်းအလဲတေွနဲ့ အချို့သောမိခင်တေွမှာ အသားအရေမွဲခြောက်ပြီး ကြမ်းတမ်းလာတာမျိုးတေွှဖစ်တတ်ပါတယ်။ အများအားဖြင့်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ ဗိုက်ကြောပြတ်သွားတာတေွှဖစ်သွားတတ်ပါတယ်။ အဲ့ဒီလိုဖြစ်ပေါ်မှုတေွကို ကာကွယ်ဖို့နဲ့ အကြောပြတ်ရာ၊ အသားအရေကြမ်းတမ်းတဲ့ဒဏ်ရာတေွကို ကာကွယ်နိုင်စေဖို့ လိမ်းဆေးအဆီတေွကို ဆောင်ထားသင့်ပါတယ်။
ဗိုက်ကြောပြတ်တာလိမ်းဆေး၊ မျက်နှာအသားအရေအက်ကွဲတာတေွ၊ အသားအရေမွဲခြောက်ပြီး အသားမညီတာတေွကို လိမ်းတဲ့ဆေး (ဥပမာအနေနဲ့ Bio Oil) လိုလိမ်းဆေးမျိုးကို ကိုယ်ဝန်ဆောင်မိခင်တေွအနေနဲ့ ဆောင်ထားသင့်ပါတယ်။
နောက်ပြီး ရေများများသောက်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးဟာ နေ့စဉ်လိုအပ်တဲ့ ရေပမာဏကို ပြည့်မီအောင်သောက်သုံးဖို့လိုအပ်ပါတယ်။ အနည်းဆုံးတစ်နေ့ကို ရေဖန်ခွက် ၈ ခွက်ကတော့ မဖြစ်မနေသောက်သင့်ပါတယ်။ နောက်ပြီး ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအတွက် မနက်ခင်းတိုင်း နွားနို့တစ်ခွက်တစ်ခွက်ကိုလည်း သောက်ဖြစ်အောင်သောက်ပေးဖို့လိုအပ်ပါတယ်နော်။
အသားအရေစိုပြေပြီး ကြမ်းတမ်းမှုမရှိတာက ကိုယ်ဝန်ဆောင်မိခင်တစ်ဦးရဲ့ အလှတရားကို အထောက်အပံ့ပေးနိုင်ရုံသာမကဘဲ မေွးဖွားတဲ့အခါမှာလည်း အဆင်ပြေစေနိုင်ပါတယ်။ အသားအရေကြမ်းတမ်းနေမယ်၊ အက်ကွဲနေမယ်၊ အကြောပြတ်ရာတေွအရမ်းများနေမယ်ဆိုရင်တော့ သာမာန်မေွးဖွားတဲ့မိခင်တေွအတွက် မေွးဖွားချိန်မှာ အခက်အခဲတေွ့စေနိုင်မှာလည်းဖြစ်ပါတယ်။
အဲ့ဒါကြောင့်လည်း ကိုယ်ဝန်ဆောင်မိခင်တေွအနေနဲ့ အသားအရေလှပမှုကို အထောက်အပံ့ပြုစေနိုင်ဖို့အတွက် ကိုယ်ဝန်ဆောင်ဘဝမှာ အဖြစ်တတ်ဆုံးဖြစ်တဲ့ ဗိုက်ကြောပြတ်တာကို ကာကွယ်နိုင်ဖို့အတွက် ဂရုတစိုက်နဲ့ ထိန်းသိမ်းမှုတေွ ပြုလုပ်နိုင်စေဖို့ ကျားလေးကနေ အကြံပြုတိုက်တွန်းလိုက်ပါတယ်နော်။
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)