
တစ်နေ့မှာ ညနေပိုင်းမြို့ထဲသို့ ခဏသွားရင်းနဲ့ လိုအပ်တဲ့ ဆေးဝါးအချို့ဝယ်ရန်အတွက် နီးစပ်ရာ ဆေးဆိုင်တစ်ခုသို့ ဝင်လာခဲ့ပါတယ်။ ဆိုင်ရှင်ဖြစ်သူထံမှ လိုအပ်သည့်ဆေးဝါးများ မှာယူနေစဉ် ဆိုင်အတွင်းသို့ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး ဝင်လာကာ အရောင်းကောင်တာမှ အမျိုးသမီးအား “ အစ်မရေ ညီမ နေမကောင်းချင်သလို ဖြစ်နေလို့ အရင်တခါ ပေးနေကျ ဆေးလေးစပ်ပေးပါဦး ”ဟု ပြောသံကြားလိုက်တယ်။ မိမိလည်း စပ်စုလိုစိတ်နဲ့ သွားကြည့်မိလိုက်တော့ ဆေး (၄) မျိုးခန့်ကို အထုတ်ငယ်လေးများ ထုတ်နေသည်ကို ကျှန်တော် တေွ့လိုက်ရပါတယ်။ သေချာကြည့်လိုက်တော့ ဆေး (၂) မျိုးမှာ အကိုက်အခဲပျောက်ဆေးများဖြစ်၍ ဆေးတမျိုးမှာ အစာအိမ်ဆေးက တစ်မျိုး ၊ ကျန်ဆေးတစ်မျိုးမှာ ပဋိဇီဝပိုးသတ်ဆေးပါပဲ။ ပိုးသတ်ဆေးမှ ကိုယ်ဝန်ဆောင်ကာလတွင် လုံးဝအသုံးမပြုသင့်သော ပိုးသတ်ဆေး ၊ လိမ္မော်ရောင်နှင့် အစိမ်ရောင်တွဲထားသော ပိုးသတ်ဆေးတောင့်တမျိုးဖြစ်နေတယ်။ ဒါဆို လက်ရှိမှာ ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ။

လွဲမှားစွာ အသုံးပြုလျက်ရှိသော ဆေးဝါးများ
------------------------------------------------
အနာဂတ်၏ ခေါင်းဆောင်များဖြစ်လာမယ့် ကလေးငယ်များအတွက် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာမှုနှင့် အသိဉာဏ်ဖွံ့ဖြိုးမှုများသည် မိခင်၏ ကိုယ်ဝန်ဆောင် ကာလနှင့် ကလေး၏ ငယ်ရွယ်စဉ်ကာလ ကျန်းမာရေးအပေါ် များစွာ တည်မှီနေပါတယ်။ ကိုယ်လက်အင်္ဂါချို့တဲ့သောကလေးများ ၊ လူစဉ်မမှီသော ကလေးများ၊ ဉာဏ်ရည်ဖွံ့ဖြိုးမှု နေှာင့်နေှးသောကလေးများ မေွးဖွားလာခြင်းနှင့် ကလေးအသေလေး မေွးခြင်းများသည် (အတိတ်ကံဟု ဆိုနိုင်သော်လည်း) ကိုယ်ဝန်ဆောင်ကာလ တစ်လျောက် မိခင်၏ အနေအထိုင်၊ အစားအသောက်နှင့် မလိုအပ်ပဲ အသုံးပြုမိသော ဆေးဝါးများနှင့် မှားယွင်းစွာ အသုံးပြုမိသော ဆေးဝါးများကြောင့် အများဆုံးဖြစ်ပွားရခြင်းပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလနှင့် ကလေးငယ်စဉ်ကာလများတွင် နာမကျန်းမှု ဖြစ်ပွားပါက ဆေးရုံ၊ ဆေးခန်းများတွင်ပင် ကုသမှုခံယူနိုင်ရန်အတွက် ကျန်းမာရေးဝန်ထမ်းများမှ အာပေါက်မတတ် မှာနေရသော်လည်း ဝေးလံခေါင်သီးသော ဒေသများတွင်သာမက မြို့ကြီးများရှိ ခေတ်ပညာတတ် မိသားစုများပင် ဆေးမြီးတိုများ စပ်ဆေးများကို ယနေ့တိုင် တွင်ကျယ်စွာ အသုံးပြုနေကြဆဲပါပဲ။

ဆေးဆိုင်များအနေနှင့်လည်း လက်ရှိသုံးနေတဲ့ ဆေးဝါးများနှင့် ဆရာဝန်များရ ညွှန်ကြားချက်အရ အသုံးပြုသင့်သော ဆေးဝါးများကို သေချာစီစစ်ခြင်း မရှိပဲ အလွယ်တကူပဲ ရောင်းချနေခြင်းများကြောင့် ဆေးယဉ်ပါးခြင်း၊ ဆေးဝါးများ၏ နောက်ဆက်တွဲ ပြဿနာများ ခံစားရခြင်းနှင့် ကုသရန်ခက်ခဲသည့် မေွးရာပါရောဂါများနှင့် မေွးကင်းစကလေး ကျန်းမာရေးပြဿနာများ ယနေ့ခေတ်တွင် ပိုမိုဖြစ်ပွားလာလျက် ရှိတယ်။ အထူးသဖြင့်ကတော့ ပိုးသတ်ဆေးဝါးများကို နေရာမရေွး လွဲမှားစွာ အသုံးပြုမိနေကြခြင်းပဲ ဖြစ်ပါတယ်။

ပိုးသတ်ဆေးများနှင့် အနာဂတ်အန္တရာယ်
--------------------------------------------
ကိုယ်ဝန်ဆောင်ကာလတွင် မလိုအပ်ပဲ ပဋိဇီဝ ပိုးသတ်ဆေးများ လွဲမှားစွာ အသုံးပြုမိသော မိခင်များတွင် ဆေးနှင့်ဓာတ်မတည့်ခြင်းကြောင့်ဖြစ်သော လက္ခဏာများ ခံစားရခြင်းနှင့် နောင်တချိန်တွင် ဆေးယဉ်ပါးခြင်းအတွက် ပိုးသတ်ဆေးအပြင်းများကို အသုံးပြုရခြင်းကြောင့် ငေွကုန်ကြေးကျများခြင်းများ ဖြစ်စေနိုင်တယ်။ မေွးဖွားရာတွင်လည်း ကလေးစော၍ မေွးခြင်း ၊ ကလေးအသေမေွးခြင်း၊ မေွးလာသည့် ကလေးတွင်လည်း ကိုယ်လက်အင်္ဂါ မစုံလင်ခြင်း၊ မေွးရာပါ ရောဂါများ ပါလာခြင်းနှင့် အခြား ကုသရန် ခက်ခဲသည့်ရောဂါများ၊ ကုသမရနိုင်သည့် ရောဂါများပါလာနိုင်ခြင်းတို့ ဖြစ်ပွားနိုင်ပါတယ်။
တစ်ချို့ဆေးဝါးများ အနေနှင့် နောက်ဆက်တွဲပြဿနာများ ၊ ရောဂါများကို ချက်ခြင်း ခံစားရစေခြင်းမျိုးမဟုတ်ပဲ ကလေးအသက်တဖြည်းဖြည်းကြီးလာမှသာ ဉာဏ်ရည် ဖွံ့ဖြိုးမှု နေှာင့်နေှးခြင်း ၊ ခန္ဓာကိုယ်ဖွံ့ဖြိုးမှု နေှာင့်နေှးခြင်း ၊ ဉာဏ်ရည်မမှီခြင်း စသည့် ပြဿနာရပ်များကို ခံစားရစေနိုင်သဖြင့် မိသားစုအတွက်သာမက နိုင်ငံတော်အတွက်လည်း ကြီးမားတဲ့ ဆုံးရှုံးမှုကို ဖြစ်စေနိုင်တယ်။

ဒါဆို ဘယ်လိုကာကွယ်ကြရမလဲ
------------------------------------
မေွးဖွားလာသည့်ကလေးတွင် ကိုယ်လက်အင်္ဂါစုံလင်စွာ မေွးဖွားစေလိုခြင်းနှင့် ကျန်းကျန်းမာမာဖြင့် အခြားကလေးများနည်းတူ ဉာဏ်ရည်ဖွံ့ဖြိုးလာခြင်းတို့ဟာလည်း မိဘတိုင်း၏ မေှျာ်လင့်ချက်ပဲ ဖြစ်ပါတယ်။ အဆိုပါ မေှျာ်လင့်ချက်ကို ပြည့်ဝစေရေးအတွက် အဓိက တာဝန်ရှိသူမှာလည်း မိဘနှစ်ပါးပဲ ဖြစ်တယ်။ တကယ်လို့ ကိုယ်ဝန်ရှိသည်ဟု စတင် သိရှိသည်မှစ၍ ကိုယ်ဝန်ဆောင်ချိန် နာမကျန်းဖြစ်လှျင် နားလည်တတ်ကျှမ်းသော ဆရာဝန်နှင့်သာ ပြသရမည်ဖြစ်ပြီး ညွှန်ကြားချက်များအတိုင်း အတိအကျ လိုက်နာရန် လိုပါတယ်။ ဒါအပြင် ဆေးမြီးတိုများ၊ စပ်ဆေးများ အသုံးပြုမိခြင်းတို့ကို လုံးဝရေှာင်ကျဉ်ရန်လည်း လိုတယ်။ ဆေးဆိုင်များနှင့် အခြေခံ ကျန်းမာရေးဝန်ထမ်းများ အနေနှင့်လည်း မိမိ၏ အကျိုးစီးပွားနှင့် မိမိ၏အမှားကြောင့် အခြားမိသားစုများတွင်လည်း စိတ်ဒုက္ခမရောက်စေရေး အမြဲသတိပြုရန်လိုပါတယ်။ လက်ရှိသုံးနေတဲ့ဆေးဝါးများနှင့် ဆရာဝန်ညွှန်ကြားချက်အရ အသုံးပြုသင့်သော ဆေးဝါးများကို တိကျစွာ သိရှိထားရန်လိုမည်ဖြစ်သလို အခြား အခြေခံ ကျန်းမာရေး ပညာပေးခြင်းများကိုလည်း သိရှိထားရန်လိုပြီး ကျန်းမာရေး အကြံပြုချက်များကိုလည်း ကောင်းကောင်းမွန်မွန် တိကျစွာ လိုက်နာရန်လိုအပ်ပါတယ်။

အခြေခံ ကျန်းမာရေးဝန်ထမ်းများအနေနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ နာမကျန်းမှုများအတွက် လိုအပ်လှျင် အရေးပေါ်ပြုစုမှုသာပေးပြီး နားလည်တတ်ကျှမ်းတဲ့ ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများထံသို့ အချိန်မီသွားရောက် ကုသမှုခံယူရန် တိုက်တွန်းရမည် ဖြစ်ပါတယ်။ ကျန်းမာရေးဝန်ထမ်းများအနေနှင့်လည်း ကိုယ်ဝန်ဆောင်လူနာများကို လိုအပ်သလို ကုသမှုပေးရင်းနဲ့ ကျန်းမာရေးပညာပေးလုပ်ငန်းများနှင့် ဆေးဝါးများနှင့် ပတ်သတ်သော ဆောင်ရန်/ရေှာင်ရန်များကိုပါ တစ်ပါတည်း ပြောဆို တိုက်တွန်းပေးသွားရန် လိုပါတယ်။ သို့မှာသာ ကိုယ်ဝန်ဆောင်မိခင်များတွင် ဆေးဝါးများ မှားယွင်းစွာ အသုံးပြုမိခြင်းကြောင့် ဖြစ်ပေါ်ခံစားရသော ပြဿနာများကို ရေှာင်ရှားသွားနိုင်မည်ဖြစ်ပြီး ဒါမှသာ နောင်အနာဂတ်တွင် အနာရောဂါကင်းစင်တဲ့ အနာဂတ်ခေါင်းဆောင်လောင်းများကို ကောင်းကောင်း မေွးဖွားနိုင်စေမှာပဲ ဖြစ်ပါတယ်။
#Ref(On doctor - ကိုယ်ဝန်ဆောင်များအတွက် ဆောင်ရန်ရေှာင်ရန် ဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)