ဖေဖေ၊ မေမေတို့ရေ ဆေးလိပ်နဲ့ပတ်သက်တဲ့ အန္တရာယ်တေွ၊ ရောဂါတေွနဲ့ပတ်သက်ပြီး ဖေဖေ၊ မေမေတေွအားလုံးက သိထားပြီးဖြစ်မှာပါ။ ဆေးလိပ်နဲ့ဆေးရွက်ကြီးရဲ့ ဆိုးကျိုးတေွကိုလည်း ဖေဖေ၊ မေမေတေွအားလုံးက သတိပြုမိကြမှာပါ။ ဒါပေမယ့်လည်း အမှတ်တမဲ့ သတိမမူမိတတ်တာတချို့ကတော့ တစ်ခါတစ်ရံမှာ ဆေးလိပ်ငေွ့ရှိတဲ့အနီးနားမှာ ကလေးငယ်ကိုခေါ်ထားမိတာပါပဲ။ တစ်ခါတစ်လေမှာ မိဘတေွက သတိမထားမိပေမယ့် ဆေးလိပ်သောက်သုံးသူက ကလေးနဲ့အနီးနားမှာရှိနေပြီး ဘေဘီလေးတေွမှာ ဆေးလိပ်ငေွ့ကို ရှူရှှုိက်မိသွားရတာမျိုးတေွလည်း ကြုံတေွ့ရတတ်ပါတယ်။
ဖေဖေ၊ မေမေတို့ရေ နောက်ထပ်သတိထားရမှာကတော့ ဆေးလိပ်သောက်သုံးသူမှာရော ဆေးလိပ်ငေွ့ကို တစ်ဆင့်ခံရှူရှုိက်မိသူမှာရော နာတာရှည်အဆုတ်ပွလေပြွန်ကျဉ်းရောဂါတေွှဖစ်ပွားတတ်ပါတယ်နော်။ နာတာရှည်ရောဂါတစ်ခုဖြစ်လို့ ဘေဘီလေးတေွမှာ ဒီရောဂါခံစားသွားရပြီဆိုရင် သူ့ရဲ့တစ်သက်လုံးမှာခံစားသွားရတော့မှာပါ။ အဲ့ဒါကြောင့်လည်း ကျန်းမာပြီး ပျော်ရွှင်ဖွယ်မိသားဘဝလေးနဲ့အတူ သားသားမီးမီးလေးတေွရဲ့ ဘဝတစ်သက်တာသာယာပျော်ရွှင်စေနိုင်ဖို့အတွက် ဖေဖေ၊ မေမေတို့အားလုံးက ဂရုတစိုက်စောင့်ရေှာက်ပေးဖို့အတွက် ကျားလေးက အကြံပြုလိုက်ပါတယ်နော်။
Source - WHO
Ref;Hm
ဖေဖေ၊ မေမေတို့ရေ သူတစ်ပါးရဲ့ ဆေးလိပ်ငေွ့ကို တစ်ဆင့်ခံရှူရှုိက်မိတဲ့ ဘေဘီလေးတေွအနေနဲ့ လတ်တလောအသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါတေွလည်း ဖြစ်ပွားနိုင်ချေရှိနေပါတယ်။ အဲ့ဒီလိုဖြစ်ပွားနိုင်ချေကတော့ ဆေးလိပ်ငေွ့ကို ရှူမိတဲ့ကလေးတေွဟာ မရှူမိတဲ့ကလေးတေွထက် ငါးဆယ်ရာခိုင်နှုန်းကနေ တစ်ရာရာခိုင်နှုန်းအထိ အသက်ရှူလမ်းကြောင်းပိုးဝင်ရောဂါဖြစ်ပွားနိုင်ချေရှိနေတာပါ။ အဲ့ဒါကြောင့်လည်း ဖေဖေ၊ မေမေနဲ့ မိသားစုတေွအားလုံးက ဂရုစိုက်ပေးဖို့လိုပါတယ်။ ဖြစ်နိုင်ရင်တော့ ဘေဘီလေးတေွရှိနေတဲ့ အိမ်မှာ မိသားစုဝင်တစ်ဦးတစ်ယောက်မှ ဆေးလိပ်သောက်သုံးသူမဖြစ်ရင်တော့ ပိုကောင်းတာပေါ့နော်။