မေမေတို့ရေ အခုဆိုရင် ကိုယ်တိုင်ဆေးထိုးပြီးကာကွယ်တားဆီးထားနိုင်မယ့် နောက်ဆုံးပေါ်သားဆက်ခြားနည်းအသစ်ပေါ်ထွက်နေပြီပဲဖြစ်ပါတယ်။ ဒီနည်းလမ်းလေးနဲ့ပတ်သက်ပြီး မေ့ရင်သေွးမဂ္ဂဇင်းမှာ ဒေါက်တာမြသီတာက ဆောင်းပါးလေးရေးသားဖော်ပြထားတာကြောင့် ကျားလေးရဲ့မေမေတေွသိနိုင်ဖို့ နည်းလမ်းလေးကို မှျဝေဖော်ပြပေးလိုက်ပါတယ်နော်။
ဒီဆေးလေးကတော့ အရင်ကတည်းက သုံးစွဲနေတဲ့ သုံးလခံဆေးလို့ခေါ်တဲ့ ဒီပိုပရိုဗီရာဆေးပါပဲ။ အရင်ကတော့ အသားဆေးအနေနဲ့ သုံးပြီးဆရာဝန်၊ ဆရာမဆီမှာ သုံးလတစ်ကြိမ် သွားထိုးရတာပါ။ အခုကတော့ ဆရာဝန်ဆီသွားစရာမလိုဘဲ ကိုယ်တိုင်ဆေးထိုးနိုင်အောင် ပြင်ဆင်ပေးထားတဲ့ အရေပြားအောက် အဆီထဲကိုထိုးထည့်တဲ့ ဆေးဖြစ်ပါတယ်။ Uniject (Sayana Press) ယူနီဂျက် (ဆာရာနာပရက်စ်) လို့ခေါ်တဲ့ ဆေးသိုလေှာင်ထားတဲ့အပိုင်း၊ Port လို့ခေါ်တဲ့ ဆေးအိမ်ထိပ်က ဆေးထွက်ရမယ့်အပိုင်း၊ ဆေးထိုးအပ်တိုတိုလေးနဲ့ စွပ်ထားတဲ့အဖုံးတို့ပါရှိတဲ့ဆေးတစ်မျိုးပါ။
အဲ့ဒီဆေးကိုတော့ ဗိုက်၊ ပေါင်အရေှ့ပိုင်းနဲ့ လက်မောင်းတို့မှာ ထိုးနိုင်ပါတယ်။ ကိုယ်တိုင်ထိုးဖို့အတွက်ကတော့ လက်မောင်းမှာထိုးဖို့ မဖြစ်နိုင်တာကြောင့် အခြားနှစ်နေရာမှာ ထိုးနိုင်ပါတယ်။ ဗိုက်မှာတော့ ချက်ကလွဲရင်းထိုးနိုင်ပါတယ်။ မထိုးခင်မှာတော့ ဆေးကို သေချာစစ်ဆေးရပါမယ်။ သက်တမ်းမလွန်တဲ့ ဆေးဖြစ်ရပါမယ်။ မပေါက်ပြဲနေရပါဘူး။ လက်ဆေးဖို့ဆပ်ပြာနဲ့ ရေရှိရပါမယ်။ ဆေးဘူးအခွံစွန့်ပစ်ဖို့အတွက် အပ်မပေါက်နိုင်တဲ့ အမိှုက်ပုံးရှိဖို့လိုပါတယ်။
ဆေးမထိုးခင်မှာတော့ လက်နှစ်ဘက်ကို သေချာဆေးဖို့လိုပါတယ်။ လေထဲမှာပဲအခြောက်ခံပြီး ဆေးထိုးမယ့်နေရာကိုလည်း ဆပ်ပြာနဲ့ ရေနဲ့သေချာဆေးရပါမယ်။ ဆေးဘူးထဲကဆေးပါတဲ့ ပစ္စည်းလေးကို ထုတ်ပြီး ဆေးဘူးကို ခပ်ပြင်းပြင်း လှုပ်ပေးရပါမယ်။ ဆေးခဲအစေ့လေးတေွပျော်၊ မပျော်စစ်ဖို့လိုပါတယ်။ ပျော်တဲ့အထိ လှုပ်ပေးရမှာပါ။ ဆေးအိမ်လေးမှာ အပေါက်အပြဲရှိ၊ မရှိလည်း စစ်ရပါမယ်။ Port လို့ခေါ်တဲ့ ဆေးအိမ်ထိပ်ပိုင်းကနေကိုင်ရပါမယ်။ Reservoir လို့ခေါ်တဲ့ ဆေးအိမ်အပိုင်းကမကိုင်မိဖို့လိုပါတယ်။
ဆေးထွက်မကျစေဖို့အတွက် ဆေးအပ်ကိုအပေါ်ထောင်ပြီးကိုင်ရပါမယ်။ အပ်အဖုံးကိုဖိသွင်းပါ။ ပြီးပါက အပ်အဖုံးနဲ့ Port လို့ခေါ်တဲ့ ဆေးအိမ်ထိပ်ပိုင်းကို ထိတဲ့အထိဖိသွင်းပါ။ အပ်အဖုံးကို ချွတ်လိုက်ပါ။ ဆေးထိုးမယ့်နေရာ အရေပြားကို ညှစ်ကိုင်ပြီး အရည်ပြားအောက်အဆီထဲကို ထိုးရမှာဖြစ်ပါတယ်။ ကြွက်သားထဲ မထိုးမိစေဖို့လိုပါတယ်။
ဆေးထိုးရာမှာတော့ ဆေးအိမ် Port ကကိုင်ကာ အရေပြားထဲကို အပ်ကိုအောက်စိုက်ပြီး ဆေးအိမ် Port က အရေပြားကိုထိတဲ့အထိ ထိုးရမှာပါ။ Reservoir လို့ခေါ်တဲ့ ဆေးသိုလေှာင်ထားတဲ့အပိုင်း (ဆေးအိမ်) ကိုဖြည်းဖြည်းချင်း ငါး စက္ကန့်ကနေ ရ စက္ကန့်အတွင်း ဆေးကုန်တဲ့အထိ ညှစ်ချပေးရပါမယ်။ ဆေးထိုးအပ်ကို ပြန်ဆွဲထုတ်ပြီးဂင်တော့ အရေပြားကိုညှစ်ကိုင်ထားတဲ့ လက်ကိုလွှတ်လိုက်ရပါမယ်။ ဆေးထိုးထားတဲ့နေရာကို မခြေရ၊ မပွတ်ရပါဘူး။ သန့်ရှင်းရေးလည်း ပြန်မလုပ်ရပါဘူး။ ဆေးထိုးထားတဲ့အခွံကိုတော့ အပ်အဖုံးပြန်မဖုံးဘဲ အပ်မပေါက်နိုင်တဲ့လုံတဲ့အမိှုက်ပုံးမှာ စွန့်ပစ်ရပါမယ်။
ဒီဆေးက သုံးလခံဆေးဖြစ်တာကြောင့် ဆေးတစ်ခါထိုးပြီးရင် နှစ်ပတ်စောထိုးနိုင်ပါတယ်။ နောက်ကျရင်တော့ လေးပတ်အထိနောက်ကျနိုင်ပါတယ်။ လေးပတ်ထက်ပိုနောက်ကျရင်တော့ အာနိသင် စိတ်မချရတတ်ပါဘူးနော်။ လေးပတ်ကျော်တဲ့အထိ ဆေးပြန်မထိုးဖြစ်ဘဲ အိမ်ထောင်နဲ့နေမိတယ်ဆိုရင်တော့ အရေးပေါ်သားဆက်ခြားဆေးကို သုံးဖို့လိုပါလိမ့်မယ်နော်။ မေမေတို့ရေ ဒီဆေးလေးကတော့ ဆေးလာထိုးဖို့ခက်ခဲတဲ့ဒေသကမေမေတို့အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သုံးစွဲနေတာဖြစ်ပြီး စျေးကွက်ထဲမှာတော့မရှိသေးပါဘူး။
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)