မေမေတို့ရေ သားသားမီးမီးလေးတေွ သွားရည်မကျစေဖို့အတွက် ဘယ်လိုမျိုးလေးတေွလုပ်ဆောင်ပေးလို့ရနိုင်မယ်ဆိုတာလေးကို မေ့ရင်သေွးမဂ္ဂဇင်းကနေ ကောက်နုတ်မှျဝေပေးလိုက်ပါတယ်နော်။
ကလေးငယ်တေွ သွားရည်မကျစေဖို့နဲ့ သွားရည်ကျတာ လျော့နည်းသွားဖို့ဆိုရင်တော့ သွားနဲ့ သွားဖုံးသန့်ရှင်းရေး လုပ်ပေးဖို့လိုပါတယ်။ အမြှုပ်ထွက်တဲ့ သွားတိုက်ဆေးကိုမသုံးဘဲ သန့်စင်ရပါမယ်။ အနည်းဆုံး တစ်နေ့ကို နှစ်ကြိမ်သွားတိုက်ပေးဖို့လိုပါတယ်။ ဒါမှလည်းအနံ့ဆိုးဘေးကနေ ကင်းဝေစေနိုင်မှာဖြစ်ပါတယ်။ ကလေးတေွလက်မ မစုပ်အောင်လည်း ထိန်းပေးဖို့လိုပါတယ်။ သွားရည်ကျတဲ့ကလေးတစ်ဦးဟာ လက်မစုပ်ရင်ပိုမိုပြီး ဆိုးသွားတတ်ပါတယ်။ အဲ့ဒီလိုဖြစ်ဖို့အတွက် လက်လှုပ်ရှားရတဲ့ ကစားနည်းတေွနဲ့ ဆော့ကစားစေပြီး လက်မ မစုပ်စေဖို့အတွက် အာရုံလွှဲပေးဖို့လိုပါတယ်။ အချိုရည်တေွကို ရေှာင်ရှားပေးဖို့လိုအပ်ပါတယ်နော်။
နောက်တစ်ခုမေမေတို့သတိထားရမှာက သွားရည်ကျတတ်တဲ့ကလေးငယ်ကို မိခင်က လက်ကိုင်ပဝါနဲ့ သွားရည်သုတ်ပေးတတ်ပါတယ်။ သုတ်တဲ့အခါမှာတော့ နှုတ်ခမ်းကို မသုတ်ဘဲ သွားရည်စုပ်သွားစေဖို့အတွက် အမေွှးပဝါနဲ့ တို့ပေးရမှာပါ။ နှုတ်ခမ်းကိုသုတ်လိုက်မယ်ဆိုရင်တော့ သွားရည်ကိုပိုကျစေဖို့ ဆွပေးသလိုဖြစ်တတ်တဲ့အတွက် မပြုလုပ်သင့်ပါဘူး။ သွားရည်ကျတာဟာ ပင်ဂိုရောဂါမရှိဘဲ ကျတာမျိုးဆိုရင်တော့ ကလေးငယ်တေွကို ပါးစပ်လှုပ်ရှားမှုလေ့ကျင့်ခန်းတေွှပုလုပ်စေပြီး ပါးစပ်၊ နှုတ်ခမ်းကြွက်သားတေွသန်မာအောင် ပြုလုပ်ပေးလို့ရပါတယ်။ ဒီလိုဆော့ကစားနည်းတေွကတော့ ၀ီစီမှုတ်စေခြင်း၊ ဖယောင်းတိုင်မီးမှုတ်စေခြင်း၊ ဆပ်ပြာပူဖောင်းလေးတေွကို မှုတ်စေခြင်း၊ နှုတ်ခမ်းနှစ်ခုကြား စက္ကူညှပ်ထားစေခြင်း၊ အရည်စုပ်သောက်စေခြင်းတေွနဲ့ လေ့ကျင့်ပေးနိုင်ပါတယ် မေမေတို့ရေ။
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)