မေမေတို့ရေ သားသားမီးမီးလေးတေွအတွက် ဖြည့်စွက်စာပြင်ဆင်တဲ့အခါမှာ ကလေးတေွစားချင်စဖွယ်ဖြစ်စေဖို့အတွက် နေ့စဉ်တိုင်းမှာ မရိုးအောင်ပြင်ဆင်ပေးဖို့လိုပါတယ်နော်။ ဒီကနေ့မှာတော့ တစ်နှစ်အထက် သားသားမီးမီးလေးတေွအတွက် ပြင်ဆင်ပေးနိုင်မယ့် ထောပတ်ပဲထမင်းပြင်ဆင်နည်းလေးကို မှျဝေပေးချင်ပါတယ်နော်။
ပါ၀င်ပစ္စည်းများ ..
- အားဖြည့်ဆန် ... နို့ဆီတစ်ဗူး
- ပဲစိမ်းလုံး ... နို့ဆီတစ်ဗူး
- ထောပတ် ... အနည်းငယ်
- အိုင်အိုဒင်းဆား ... အနည်းငယ်
- ကြက်သွန်နီ ... နှစ်လုံး
- စားသုံးသံလွင်ဆီ ... အနည်းငယ်
- ကြက်သား ... တစ်ဆယ်သား
- ကြက်သွန်ဖြူ ... နှစ်မွှာ
ပြင်ဆင်ချက်ပြုတ်နည်း ...
- ဦးစွာ ကြက်သားကို ရေစင်အောင်ဆေးပြီး ရေများများဖြင့် ပြုတ်ထားပါ။ ကြက်ပြုတ်အိုးထဲသို့ ကြက်သွန်ဖြူကို ဓားပြားရိုက်ထည့်ထားပါ။ ဆားအနည်းငယ်ထည့်ပါ။
- ကြက်သွန်ကို ပါးပါးလှီးပြီး ပဲစမ်းလုံးကို ရေဆေးထားပါ။
- အိုးသန့်သန့်ထဲသို့ စားသုံးသံလွင်ဆီအနည်းငယ်ထည့်ပြီး ဆီပူလာပါက ကြက်သွန်နီတစ်လုံးထည့်ဆီသတ်ပါ။
- ခဏနေပါက ပဲစိမ်းလုံးများထည့်မေွှပေးပါ။ ဆားအနည်းငယ်ထည့်ပါ။
- ပဲစိမ်းလုံးများကျက်သွားပါက မီးဖိုပေါ်မှချပါ။ တစ်ဝက်ကို blander ထဲသို့ထည့်ပြီးညက်နေအောင် မေွှထားပေးပါ။
- အိုးသန့်သန့်ထဲသို့ သံလွင်ဆီအနည်းငယ်ထည့်ပြီး ကြက်သွန်နီတစ်လုံးကို ပါးပါးလှီးထည့်ဆီသတ်ပါ။
- အားဖြည့်ဆန်ကို ရေဆေးပြီး ဆီသတ်အိုးထဲသို့ထည့်မေွှပေးပါ။
- အနည်းငယ်ကြာအောင်မေွှပေးပြီးပါက ကြက်ပြုတ်ရည်ကို ဆန်မြုပ်အောင်ထည့်ပါ။
- ပဲစိမ်းလုံးအနှစ်များကိုထည့်ပါ။ ထောပတ်ခဲကို ခြစ်ပြီးထည့်ပါ။
- ပြီးလှျင် မေွှပေးပြီး အိုးတည်ထားပါ။
- ရေဆူလာပြီး ခမ်းခါနီးပါက ကြက်ပြုတ်ရည်အနည်းငယ်ထပ်ထည့်ပြီးမေွှပေးပါ။
- အနည်းငယ်မေွှပေးထားပြီးဆန်နူးလာပါပြီဆိုပါက တစ်ဝက်ချန်ထားသည့် ပဲစိမ်းလုံးကြော်များကို ရောထည့်မေွှပြီး မီးဖိုပေါ်မှချကာ ပြင်ဆင်ပေးနိုင်ပါပြီ။
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)