မေမေတို့ရေ မေ့ရင်သေွးမဂ္ဂဇင်းဖော်ပြချက်ဖြစ်တဲ့ ဒေါက်တာအိအိခင် (ကလေး) ရေးသားတဲ့ ၀ဲရောဂါကိုဘယ်လိုကုသမလဲဆိုတဲ့အကြောင်းအရာလေးကို ကျားလေးရဲ့ မေမေတို့အတွက် ပြန်လည်ပြီး မှျဝေပေးလိုက်ပါတယ်နော်။
မေမေတို့ရေ ၀ဲရောဂါကိုကုသမယ်ဆိုရင်တော့ ရောဂါဖြစ်သူတစ်ဦးတည်းကို ကုသလို့မရပါဘူးတဲ့။ တစ်အိမ်လုံးရောဂါဖြစ်နေသူအားလုံးကို တပြိိုင်တည်းကုသရမှာပါ။ ၀ဲရောဂါဟာ အကူးစက်မြန်တဲ့ရောဂါဖြစ်တာကြောင့် အိမ်သားတစ််ဦးမှာဖြစ်မယ်ဆိုရင် နောက်တစ်ဦးကို လျင်မြန်စွာကူးစက်နိုင်ပါတယ်။ ၀ဲရောဂါကိုကုသဖို့ဆိုရင်တော့ အဓိကက လိမ်းဆေးနဲ့ တကိုယ်ရည်သန့်ရှင်းရေးပဲဖြစ်ပါတယ်။ ၀ဲဆေးမလိမ်းမီမှာ ၀ဲရောဂါဖြစ်နေသူအနေနဲ့ ရေအရင်ချိုးဖို့လိုပါတယ်။ ဆပ်ပြာတိုက်ပြီး ရေချိုးပေးရပါမယ်။ ပြီးရင်တော့ ကိုယ်ကိုခြောက်သေွ့အောင်ရေသုတ်ပြီး ၀ဲရောဂါဖြစ်နေတဲ့ နေရာအနှံ့ကို လိမ်းဆေးသေချာစွာ စိမ့်ဝင်အောင်လိမ်းပေးရပါမယ်။
ဆေးအရောင်ပျောက်ပြီးအသားအရောင်အတိုင်းဖြစ်အောင် ပွတ်လိမ်းပေးရပါမယ်။ တစ်နေ့ကိုသုံးကြိမ် အနည်းဆုံးလိမ်းပေးရမှာလညး်ဖြစ်ပါတယ်။ ကိုယ်ယားယံတဲ့အခါတိုင်း ဆေးရည်နဲ့ပွတ်လိမ်းရပါမယ်။ နေ့စဉ်ဆေးရည်သုံးကြိမ် လိမ်းပေးပြီး အကျင်္ ီ၊ ဘောင်းဘီ၊ လုံချည်တေွကိုလည်း ပုံမှန်လဲလှယ်ပေးကာ ရေနေွးနဲ့ ပြုတ်လေှျာ်ပေးဖို့လိုပါတယ်နော်။ ဆေးလိမ်းတာကိုတော့ ၂ ပတ်ကနေ ၃ ပတ်အထိပြုလုပ်ရပါမယ်။
၀ဲရောဂါဟာ ပျောက်သွားပေမယ့်လည်း အရေပြားမှာယားယံပြီးကျန်နေတတ်တယ်လို့ဆိုပါတယ်။ ၀ဲရောဂါကုဖို့အတွက်ကတော့ Buscabies, Scaboma, Scabex လိမ်းဆေးတေွကို သုံးနိုင်ပါတယ်။ အသက် ၂ နှစ်အောက်ဆိုရင်တော့ SulFur Ointment, Permethrin, Crotamiton တို့ကို ပိုပြီးအသုံးများကြပါတယ်။ ရောဂါပျောက်ပြီး ယားယံမှုတေွကျန်နေသေးတယ်ဆိုရင်တော့ ဘာမီတွန်လိုမျိုး Antihistamine ဆေးကို သောက်သုံးသင့်ပါတယ်။ စတီရိွုက်ပါတဲ့ဆေးတေွကိုတော့ သောက်သုံးဖို့မသင့်ပါဘူးနော်။ ၀ဲရောဂါဖြစ်ပွားပြီဆိုရင်တော့ ယားယံတဲ့အခါ အရမ်းမကုတ်သင့်ပါဘူးနော်။ ကုတ်လေယားလေဖြစ်တဲ့အတွက် ကုတ်ပြီးရင်အနာဖြစ်ပြီး အရေပြားပိုးဝင်သွားတတ်တာကြောင့် ဂရုစိုက်သင့်ပါတယ်။
၀ဲရောဂါကို ကောင်းစွာမကုဘူးဆိုရင်တော့ ကျောက်ကပ်ရောင်တဲ့အထိ ဖြစ်ပေါ်နိုင်ပါတယ်။ အဲ့ဒါကြောင့် ရောဂါဖြစ်ပွားခဲ့ရင်လည်း သေချာကုသပြီး ဂရုစိုက်ရပါမယ်။ ရောဂါမဖြစ်အောင်ဆိုရင်တော့ တကိုယ်ရေသန့်ရှင်းရေးနဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေးကိုပါ ဂရုစိုက်ရမှာပါ။ တကယ်လို့ရောဂါဖြစ်သူနဲ့ထိတေွ့မိရင်လည်း ထိမိတဲ့နေရာကို ဆပ်ပြာနဲ့ သေချာပြန်လည်ဆေးကြောပေးဖို့လိုအပ်ပါတယ်နော်။
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)