မေမေတို့ရေ ဒီတစ်ခါမှာတော့ မေ့ရင်သေွးမဂ္ဂဇင်းမှာဖော်ပြထားတဲ့ ဒေါက်တာယုဇနစောမြင့်ရေးသားတဲ့ ကလေးငယ်တေွရဲ့ ရေကျောက်ရောဂါဆိုင်ရာနဲ့ပတ်သက်လို့ သိထားသင့်တာလေးတေွကို ကျားလေးက ပြန်လည်မှျဝေပေးလိုက်ပါတယ်နော်။
ရေကျောက်ရောဂါပိုး ဗိုင်းရပ်စ်ဟာ ရေယုန်ဖြစ်စေတဲ့ ဗိုင်းရပ်စ်နဲ့ အမျိုးအနွယ်အတူတူပဲဖြစ်ပါတယ်။ ရောဂါဖြစ်ပြီးပြီဆိုရင်တော့ ရောဂါကိုကာကွယ်တဲ့ ဓာတ်ဟာ တစ်သက်စာရရှိသွားနိုင်မှာပဲဖြစ်ပါတယ်။ ရေကျောက်ရောဂါဟာ ကူးစက်ဖို့အတွက် လွယ်ကူပါတယ်။ ရောဂါဖြစ်နေသူနဲ့ တိုက်ရိုက်ထိတေွ့ရင် (ဒါမှမဟုတ်) လေထဲရှိ ရောဂါပိုးကို ရှူသွင်းမိရင် (ဒါမှမဟုတ်) ရောဂါဖြစ်နေသူ ကိုယ်တွယ်ထားတဲ့ ပစ္စည်းတေွကို ကိုင်တွယ်မိရင် ကူးစက်နိုင်ပါတယ်။
ငယ်ရွယ်တဲ့ကလေးတေွ၊ သက်ကြီးရွယ်အိုတေွ၊ ခုခံအားနည်းသူတေွမှာဖြစ်ပွားတယ်ဆိုရင် အန္တရာယ်ကြီးနိုင်ပါတယ်။ ရေကျောက်ရောဂါအများဆုံးဖြစ်ပွားနိုင်တာကတော့ အသက် ၂ နှစ်နဲ့ ၈ နှစ်ကြားကလေးတေွှဖစ်ပါတယ်။ ရောဂါဖြစ်ပွားရင်တော့ ကိုယ်ပူတာ၊ အနည်းငယ်နုံးတာ၊ ခေါက်ကိုက်၊ လည်ချောင်းနာတာတေွှဖစ်ပေါ်တတ်ပါတယ်။ ဖြစ်ပွားတဲ့ လက္ခဏာတေွကတော့ ကိုယ်ပူပြီး ဒုတိယနေ့ကစပြီး အနီဖုလေးတေွထွက်လာလေ့ရှိပါတယ်။ အထူးသဖြင့်တော့ အနီဖုလေးတေွဟာ ရင်ဘတ်။ ကျောတို့မှာ အများဆုံးဖြစ်တတ်ပါတယ်။ လက််တေွ၊ ခြေတေွမှာတော့ သိပ်ပြီးပေါက်လေ့မရှိပါဘူး။ အဖုထွက်လာပြီဆိုရင်တော့ နာရီအနည်းငယ်အတွင်း အနီဖုဘဝကနေ ရေကြည်ဖု၊ အချို့နေရာတို့မှာ အနီဖုအသစ်တေွထွက်ပေါ်လာတတ်ပါတယ်။ ရေကြည်ဖုတေွကလည်း ပြည်ဖုအဆင့်ရောက်ရှိပြီး ခြောက်သေွ့ကာ အသားမာခြောက်ဖြစ်တတ်ပါတယ်။
ရေကျောက််ရဲ့ ထင်ရှားတဲ့ လက္ခဏာတေွကတော့ အနီဖု။ ရေကြည်ဖု၊ ပြည်ဖု၊ ခြောက်ပြီးမည်းနက်ကွာကျသွားတဲ့ အဖုအဆင့်ဆင့်ကို တပြိုင်တည်းရရှိနိုင်တာဖြစ်ပါတယ်။ အဲ့ဒီအမာရွတ်တေွဟာ သေရာပါအမာရွတ်မဟုတ်ပေမယ့် အချိန်ကာလရှည်ကြာစွာရှိနေတတ်ပါတယ်။
ရေကျောက်နဲ့ပတ်သက်ပြီး သေွးယိုရေကျောက် ဖြစ်ပွားတယ်ဆိုရင်တော့ ကိုယ်ပူကြီးပြီး နုံးတတ်ပါတယ်။ အရေပြားမှာ အဖုလေးတေွထွက်လာရင်လည်း အဖုတွင်းသို့ သေွးယိုစီးပြီး အရေပြားကိုလည်း မည်းနက်သွားစေပါတယ်။ ကိုယ်ခန္ဓာရဲ့အရေးကြီးတဲ့အင်္ဂါတေွှဖစ်တဲ့ ကျောက်ကပ်၊ အူစတာတေွမှာ သေွးယိုစီးတတ်ပါတယ်။ ခုခံအားကျဆင်းသူတေွ၊ ကင်ဆာဆေးသောက်နေသူတေွမှာ အဲ့ဒီရောဂါဖြစ်ပွားမှုပိုများပါတယ်။
နောက်တစ်ခုကတော့ မေွးရာပါ ရေကျောက်ရောဂါပါ။ မိခင်ကိုယ်ဝန်ရှိစ သုံးလအတွင်း ရေကျောက်ပေါက်ရင် သန္ဓေသားရဲ့ တည်ဆောက်ဆဲ အင်္ဂါအစိတ်အပိုင်းတေွ ပျက်စီးပြီး မဖွံ့ဖြိုးတဲ့ကလေးအသွင်နဲ့ မေွးဖွားလာတတ်ပါတယ်။
မေွးကင်းစရေကျောက်ဖြစ်မယ်ဆိုရင်တော့ မေွးဖွားပြီး ရက်အနည်းငယ်အတွင်း ရေကျောက်ကူးစက်ခံရတာမျိုးဖြစ်ပါတယ်။ ရင်သေွးငယ်ဟာ အဆုတ်ရောင်ရောဂါ အစရှိတဲ့နောက်ဆက်တွဲ ဆိုးကျိုးတေွကြောင့် ကလေးငယ်သေဆုံးနှုန်းကို မြင့်တက်စေနိုင်ပါတယ်။
ရေကျောက်ရောဂါရဲ့ ကြောက်မက်ဖွယ်နောက်ဆက်တွဲပြဿနာကတော့ ဦးနေှာက်ရောင်တာပဲဖြစ်ပါတယ်။ အထူးသဖြင့်တော့ ဦးနေှာက်အောက်ခြေပိုင်းကို ထိခိုက်စေတတ်ပြီး တက်ခြင်း၊ ကိုယ်တစ်ခြမ်းမလှုပ်နိုင်ခြင်း၊ ခြေလက်လှုပ်ရှားဖို့ ခက်ခဲခြင်းတေွကို ဖြစ်စေနိုင်ပါတယ်။
ရေကျောက်ဖြစ်ပွားပြီး သေွးဆိပ်ပျံ့နှံ့ပြီဆိုရင်တော့ ပြင်းထန်တဲ့ အဆုတ်ရောင်ခြင်းဖြစ်ပွားတတ်ပြီး ကြိုတင်ကာကွယ်နိုင်ပါတယ်။ ဒါ့ကြောင့်လည်း ရေကျောက်ရောဂါနဲ့ပတ်သက်ပြီး ကြိုတင်ကာကွယ်ဆေးတေွနဲ့ ကာကွယ်ထားဖို့လိုအပ်ပါတယ်။ ကလေးငယ်အသက် ၉ လကနေ ၁၂ နှစ်အထိဆိုရင် တစ််ကြိမ် (ဒါမှမဟုတ်) နှစ်ကြိမ်ထိုးဖို့လိုပြီး ကလေးကြီးတေွကတော့ ၂ ကြိမ်ထိုးဖို့လိုအပ်ပါတယ်မေမေတို့ရေ။
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)