
မေမေတို့ရေ ဒီရာသီမှာ သားသားမီးမီးလေးတေွ သာမာန်ထက်ပိုပြီးတော့ နှာစေးတတ်တာကြောင့် သေချာ ဂရုစိုက်ပေးဖို့လိုပါတယ်နော်။ နှာစေးရာမှာတော့ ကလေးတေွသဘာဝ ပျောက်သွားလိုက်၊ ပြန်ဖြစ်လိုက်တော့ ဖြစ်နေတတ်ပါတယ်။ အရမ်းကြီး စိတ်ပူဖို့မလိုပါဘူး။
ဒါပေမယ့် ကလေးငယ်က အမြဲတမ်း နှာစေးနေတယ်ဆိုရင်တော့ ဂရုစိုက်ပေးသင့်ပါတယ်။ အချိန်ကြာကြာ ပျောက်မသွားဘဲ ဆက်တိုက်ဖြစ်နေရင်တော့ ဆရာဝန်နဲ့ပြသပြီး စစ်ဆေးမှုခံယူသင့်ပါတယ်။ တစ်ခါတစ်ရံမှာ နှာစေးရာကတဆင့် ထိပ်ခတ်နာလိုမျိုး ပြည်တည်နာဖြစ်ပြီး နှာစေးနေတာလည်း ဖြစ်တတ်တဲ့အတွက် မေမေတို့တေွက ရက်အတော်ကြာဆက်တိုက်နှာစေးတာမျိုးကိုသတိပြုသင့်ပါတယ်။
အမြဲတမ်းမဟုတ်ဘဲ အခုလိုရာသီအကူးအပြောင်းကာလမှ အနည်းငယ်နှာစေးတတ်တဲ့ သဘာဝအတိုင်းဆိုရင်တော့ နေွးနေွးထေွးထေွး ထားပြီး ကလေးငယ်ကို ဦးခေါင်းလေးနေွးအောင် ဂရုစိုက်ပေးရုံနဲ့ ပျောက်ကင်းစေနိုင်ပါတယ် မေမေတို့ရေ။
Ref; HM (ကျားလေး)