မေမေတို့ရေ သားသားမီးမီးလေးတေွ အာဟာရပြည့်ဝစေဖို့အတွက် စွန်ပလွန်သီးအနှစ်ဖြည့်စွက်စာလေးကို ပြင်ဆင်ပေးလိုက်ရအောင်နော်။ စွန်ပလွန်သီးမှာ ပရိုဓာတ်၊ အဆီဓာတ်၊ ဆိုဒီယမ်၊ ကယ်လိုရီ၊ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ သတ္တုဓာတ်နဲ့ ဗီတာမင်ဓာတ်တေွ ကြွယ်ဝစွာပါ၀င်ပါတယ်။ အမြင်အာရုံကိုလည်း တိုးတက်ကောင်းမွန်စေပါတယ်။ အဲ့ဒါကြောင့်လည်း ကလေးငယ်တေွအတွက် သင့်တော်တဲ့ ဖြည့်စွက်စာပြင်ဆင်ပေးလို့ရပါတယ်နော်။
ဒီဖြည့်စွက်စာလေးပြုလုပ်ဖို့အတွက် စွန်ပလွန်သီး အလုံး ၃၀ လောက်လိုအပ်ပါတယ်။
ပြင်ဆင်ဖို့အတွက်ကတော့ အရင်ဆုံး စွန်ပလွန်သီးကို အစေ့တေွဖယ်ထုတ်ပေးရပါမယ်။ ပြီးတဲ့အခါမှာတော့ ရေသန့်ပန်းကန်လုံးနှစ်လုံးကို ဆူအောင်ကျိုပေးပါ။
ရေဆူလာပြီဆိုရင်တော့ စွန်ပလွန်သီးအနှစ်တေွကို ထည့်ပြီးပျော်အောင်ကျိုပေးဖို့လိုပါတယ်။
ဆူူပွက်လာပြီဆိုရင်တော့ ပိတ်ဝတ်သန့်ဖြင့်စစ်ပြီး အရည်သီးသန့်ရယူပါ။
ပြီးရင်တော့ ထပ်မံပြီး ကျိုချက်ပေးပါ။ ဒီတစ်ကြိမ်ကျိုချက်မှုအတွက် ဝေပြီး လှျံကျမှုမရှိစေဖို့ ဂရုတစိုက်နဲ့ မေွှပေးနေဖို့လိုပါတယ်။
ပျစ်နှစ်ပြီးအနှစ်ရအောင်မေွှပေးပြီးပါက အအေးခံကာ သားသားမီးမီးတို့အတွက် ကျေွးမေွးနိုင်ပါပြီ။
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)