Kyarlay.com

almost 2 years



Fqef9fvkxmk72teokcgy


>>> Unicode <<<

သားဆက်ခြားနည်းအမျိုးမျိုးနဲ့ ကောင်းကျိုး/ဆိုးကျိုး

ဖေဖေ၊ မေမေတို့ရေ ပျော်ရွှင်စရာမိသားစုဘဝလေးမှာ သားသားမီးမီးလေးတွေနဲ့ တကယ့်အပျော်တွေကိုဖန်တီးနိုင်ဖို့ သားဆက်ခြားဖို့လည်း လိုအပ်တယ်နော်။ စစ်မှန်တဲ့သားဆက်ခြားနည်းတွေနဲ့ မိသားစုဘဝ တကယ့်အပျော်လေးတွေကို ဖေဖေ မေမေတို့က အတူတူဖန်တီးတည်ဆောက်နိုင်ပါတယ်။ ဖေဖေ၊ မေမေတို့အတွက် သားဆက်ခြားနည်းအမျိုးမျိုးနဲ့ အဲ့ဒီသားဆက်ခြားနည်းတွေကို အသုံးပြုတဲ့အခါ ကောင်းကျိုး၊ ဆိုးကျိုးလေးတွေ ဘယ်လိုရှိတတ်တယ်ဆိုတာကို ကျားလေးက မျှဝေပေးမယ်နော်။




Zxtzvyx8g5zdpqozpn8z


Zkoqz9fbv4cgulsiyudi


>>> Unicode <<<

အရေးပေါ်သားဆက်ခြားသောက်ဆေး

ဖေဖေ၊ မေမေတို့ရေ သားဆက်ခြားဆေးတွေအနက် အရေးပေါ်သားဆက်ခြားသောက်ဆေးကိုလည်း အသုံးပြုနိုင်ပါတယ်။ အရေးပေါ်သားဆက်ခြားသောက်ဆေးကတော့ ဆိုးကျိုးတွေလည်းနည်နးည်းများပါတယ်။ အမြဲတမ်းအတွက်တော့ ရွေးချယ်ဖို့မသင့်ပါဘူး ဖေ မေ တို့ရေ။ ဒီဆေးရဲ့ ကောင်းကျိုးဆိုးကျိုးတွေ၊ ဘယ်လိုအသုံးပြုနိုင်မယ်ဆိုတာတွေကို ဖတ်ကြည့်လိုက်ပါဦးနော်။


Qx1oh12slwd7nxzj4mmz


>>> Unicode <<<

ကွန်ဒုံးသုံးစွဲခြင်း

ဖေဖေ၊ မေမေတို့ရေ ကလေးလိုချင်တဲ့အချိန်မှာလည်း အလွယ်တကူပြန်လည်ရယူနိုင်တဲ့ ကောင်းမွန်တဲ့သားဆက်ခြားနည်းလမ်းတစ်ခုကတော့ ကွန်ဒုံးသုံးစွဲခြင်းပါပဲ။ ရောဂါတွေကိုလည်း အကာအကွယ်ပေးနိုင်သလို မေမေတို့အတွက်လည်း ရာသီမမှန်တဲ့ဝေဒနာတွေကို မခံစားရတော့ဘူးပေါ့။ ကွန်ဒုံးကိုထားသိုပုံနဲ့ ဘယ်လိုအသုံးပြုရမယ်ဆိုတဲ့ နည်းစနစ်ကျတဲ့ နည်းလမ်းလေးတွေကိုလည်း မျှဝေပေးလိုက်ပါတယ်နော်။



Gkmahoglzxr5ef1dhj0t


Vxiyztyd3edetxnn5zss


>>> Unicode <<<

နေ့စဉ်သောက်သားဆက်ခြားစားဆေး

မေမေ၊ ဖေဖေတို့ရေ ဒီလိုသောက်ဆေးတွေကတော့ ကျွမ်းကျင်နားလည်တဲ့ ဆရာဝန်ကြီးတွေနဲ့ တိုင်ပင်ပြီးမှသာ သောက်သုံးသင့်ပါတယ်နော်။ အခုလိုသောက်ဆေးတွေကြောင့် မေမေတို့မှာ နောက်ဆက်တွဲဝေဒနာတချို့ကိုတော့ ခံစားရတတ်ပါတယ်။ အဲ့ဒါကြောင့်လည်း ကိုယ်နဲ့သင့်တော်မယ့် သားဆက်ခြားနည်းလမ်းကို ဆရာဝန်တွေနဲ့ စနစ်တကျတိုင်ပင်ပြီး အသုံးပြုတာအကောင်းဆုံးပါပဲနော်။ နေ့စဉ်သားဆက်ခြားစားဆေးတွေက ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိနိုင်သလဲဆိုတာကို လေ့လာကြည့်ရအောင်နော်။





HM (ကျားလေး)

>>> Unicode <<<

ပြည့်စုံတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်စေဖို့

ဖေဖေ၊ မေမေတို့ရေ သားသမီးများလွန်းတာ၊ နီးလွန်းတာတွေကြောင့် မိသားစုရဲ့စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးတွေကို ထိခိုက်စေနိုင်ပါတယ်။ အဲ့ဒါကြောင့်လည်း ပြည့်စုံကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ရရှိပိုင်ဆိုင်နိုင်စေဖို့အတွက် သင့်တော်တဲ့သားဆက်ခြားနည်းလမ်းလေးတွေနဲ့အတူ ဖေဖေ၊ မေမေတို့က ပျော်ရွှင်တဲ့ဘဝလေးကို တည်ဆောက်ဖို့လိုပါတယ်နော်။ အခုဖော်ပြထားတဲ့ သားဆက်ခြားနည်းတွေအပြင် ထိုးဆေး၊ သားဆက်ခြားကိရိယာထည့်သွင်းခြင်းတွေကိုလည်း ဆောင်ရွက်နိုင်ပါတယ်။ ဒါပေမယ့်လည်း ဆရာဝန်ရဲ့လမ်းညွှန်ချက်နဲ့ ဆောင်ရွက်မယ်ဆိုရင်တော့ ဖေဖေ၊ မေမေတို့အတွက် ပိုမိုပြည့်စုံတဲ့ အခြေအနေမျိုးတွေကို ပိုင်ဆိုင်နိုင်မှာပါနော်။

Photo Source - ပြည့်သူ့ကျန်းမာရေးဦးစီးဌာန

မိခင်နဲ့ရင်သွေးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)



Tzvj1bzfg2r9r2newrft