မေမေတို့ရေ သားသားမီးမီးတို့ရဲ့ နံနက်စာအတွက် ခံတွင်းမြိန်ပြီးအကြိုက်တေွ့စေမယ့် ကြက်ဥထောပတ်လိပ်အာဟာရပြင်ဆင်နည်းလေးကို မှျဝေပေးချင်ပါတယ်နော်။ ပြုလုပ်နည်းလေးကလည်း လွယ်ကူတာကြောင့် မေမေတို့တေွအတွက် အချိန်ကုန်သာသာပြီး အလှျင်အမြန်ပြုလုပ်ပြင်ဆင်ပေးနိုင်မှာပါနော်။
ဒီအာဟာရဖြည့်စွက်စာလေးကို ပြုလုပ်ဖို့အတွက် ကြက်ဥနှစ်လုံးနဲ့ ထောပတ်ခဲလေးပဲလိုအပ်ပါတယ်နော်။
အရင်ဆုံး ကြက်ဥနှစ်လုံးကို သေချာလေး သမအောင်ခေါက်ထားပေးပါ။ ကြက်ဥကိုနာနာလေးခေါက်ပေးဖို့လိုပါတယ်။ နာနာခေါက်ပေးထားမှလည်း ကြက်ဥကြော်တဲ့အချိန်မှာ ပိုမိုပြီးအရသာရှိစေမှာဖြစ်ပါတယ်။
ကြက်ဥခေါက်ပြီးတဲ့အခါမှာတော့ ဒယ်အိုးအပြန့်ထဲကို ထောပတ်ခဲအနည်းငယ်ထည့်ပြီး ပျော်သွားအောင်မေွှပေးရပါမယ်။ ထောပတ်ပျော်သွားရင်တော့ ကြက်ဥခေါက်တေွကိုဖြန့်ထည့်ပေးပါ။
ကြက်ဥကြက်ဥကို အပြန့်ညီစေဖို့အတွက် သေချာဖြန့်ပေးပါ။ ပြီးတဲ့အခါမှာတော့ ထောပတ်ခဲကို ခြစ်ပြီး ကြက်ဥပြန့်ပေါ်သို့ ထည့်ပေးပါ။
ပြီးပါက ကြက်ဥကို ခေါက်တာ (ဒါမှမဟုတ်) လိပ်တာ စိတ်ကြိုက်ထားပြီး ပြင်ဆင်နိုင်ပြီဖြစ်ပါတယ်။
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)