စျေး မီဒီယာ
အခြား

အမျိုးသမီးတေွ သတိထားသင့်တဲ့ သားအိမ်ခေါင်းကင်ဆာအတွက် လမ်းညွန်ချက်

Posted by Zaw Lin Aung October 29, 2019
Nz1z4rjuh39mpvcuu3xx

အမျိုးသမီးများရဲ့သားအိမ်အောက်ဘက်ရှိ သားအိမ်ခေါင်းတွင် ပုံမှန်မဟုတ်သည့် ဆဲလ်များ ဖြစ်ပေါ်လာတာ ပျံနှံ့သွားပါက သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ပါတယ်။ သားအိမ်ခေါင်းကင်ဆာဖြစ်နေကြောင်း စောစောစီးစီး စမ်းသပ်သိရှိပါက အပြည့်အဝ ပြန်လည်ကောင်းမွန်နိုင်ခြေ မြင့်မားကြောင်း ကျှမ်းကျင်သူတေွက ပြောထားပါတယ်။ ကံမကောင်းသည်မှာ သားအိမ်ခေါင်းကင်ဆာ၏ရောဂါ လက္ခဏာများမှာ ကနဦး အခြေအနေတွင် ပြသခြင်း နည်းပါးလေ့ရှိတယ်။ ကင်ဆာရောဂါ လျင်မြန်စွာ ပြင်းထန်လာချိန်မှသာ ရောဂါလက္ခဏာများ စတင်ပြသလေ့ရှိပါတယ်။ ရောဂါလက္ခဏာများတွင် ပုံမှန်မဟုတ်သည့် မမျိုးပွားအင်္ဂါဆိုင်ရာအရည်များ ကျဆင်းလာခြင်း ၊ မမေှျာ်လင့်ဘဲသေွးဆင်းခြင်း ၊ သေဆုံးချိန်ရောက်ပြီး နောက်ပင် သေွးဆင်းခြင်းနှင့် လိင်ဆက်ဆံချိန်တွင် မခံမရပ်နိုင်လောက်အောင် နာကျင်ခြင်း(သို့မဟုတ်) သေွးထွက်ခြင်းစသည်တို့ ပါဝင်ပါတယ်။

Pckeahueotsztuk1jcsc

ကြွက်နို့(သို့မဟုတ်) အသားပိုများကို ဖြစ်စေတဲ့ မျိုးရိုးဗီဇ(DNA) ဆိုင်ရာ ဗိုင်းရပ်စ်အုပ်စုကြီး တစ်မျိုးဖြစ်တဲ့ HPV ဗိုင်းရပ်စ်များက သားအိမ်ခေါင်းကင်ဆာကို အများဆုံး ဖြစ်စေကြောင်း သိရပါတယ်။ HPV ဗိုင်းရပ်စ် အမျိုးပေါင်း ၄ဝ နီးပါးမှာ မျိုးပွားအင်္ဂါနားတစ်ဝိုက် ကူးစက်နိုင်တယ်။ ယင်း HPV ဗိုင်းရပ်စ်များ ကူးစက်ခြင်းမှာ သူ့အလိုလို ပျောက်သွားလေ့ရှိသည်ဟု ကျှမ်းကျင်သူတေွက ဆိုထားပါတယ်။ သို့သော် ယင်းဗိုင်းရပ်စ်များ အသစ်အသစ် ဖြစ်ပေါ်ပွားများလာပါက သားအိမ်ခေါင်း၏ ဆဲလ်များအတွင်း ပြောင်းလဲမှုများ ဖြစ်လာနိုင်ပြီး ကင်ဆာရောဂါ ဖြစ်နိုင်ချေပိုများပါတယ်။ လိင်ဆက်ဆံမှု မကင်းသူတိုင်းတွင် တေွ့ရစမြဲဖြစ်တဲ့ HPV ဗိုင်းရပ်စ်ကို တစ်သက်တာတွင် အနည်းဆုံးတစ်ကြိမ် ကူးစက်ခံရလေ့ရှိသည်ဟု ကျှမ်းကျင်သူတေွက ဆိုပါတယ်။ HPV ဗိုင်းရပ်စ် ကူးစက်ခံရနိုင်သည့် အန္တရယ်များကို ကွန်ဒုံးသုံးခြင်းဖြင့် လျော့ချနိုင်သော်လည်း ယင်းဗိုင်းရပ်စ်ကိုတော့ အပြည့်အဝ ကာကွယ်ပေးနိုင်ခြင်း မရှိသေးပါဘူး။

Ln4z5dqyxrdquucxh7in

ခန္ဓာကိုယ်ထဲတွင် အန္တရယ်များတဲ့ HPV ဗိုင်းရပ်စ် အများအပြားရှိနေချိန်တွင် သားအိမ်ခေါင်းထဲမှာ ပုံမှန်မဟုတ်တဲ့ ဆဲလ်များ ဖြစ်ပေါ်လာကာ အချိန်ကြာလာပါက ကင်ဆာရောဂါပါ စဖြစ်လာနိုင်ပါတယ်။ သားအိမ်ခေါင်းကင်ဆာရောဂါကို စောစောစီးစီး စမ်းသပ်သိရှိနိုင်ရန် အကောင်းဆုံးနည်းလမ်းမှာ အသားစ ထုတ်ယူစစ်ဆေးသောနည်း (Pap Smear ) ဖြင့် စမ်းသပ်မှုပဲ ဖြစ်ပါတယ်။ ယင်းစမ်းသပ်မှုက ပုံမှန်မဟုတ်တဲ့ ဆဲလ်များကို ဖော်ထုတ်နိုင်ပြီး တစ်ခါတစ်ရံတွင် ကင်ဆာမဖြစ်မီ အချိန်တွင်ပင် ဖော်ထုတ်သိရှိနိုင်ပါတယ်။ အမျိုးသမီးများ အသက်(၃ဝ)ကျော်လာသည်နှင့် Pap Smear စစ်ဆေးမှု သုံးနှစ်တစ်ကြိမ် ခံယူနိုင်ရန်အတွက် ကျှမ်းကျင်သူတေွက လမ်းညွန်ထားပါတယ်။ ယင်းသို့ စမ်းသပ်မှုခံယူပြီး ကင်ဆာဖြစ်နိုင်ခြေရှိသော ပုံမှန်မဟုတ်သည့် ဆဲလ်များရှိနေကြောင်း တေွ့ရှိပါက ဆရာဝန်က ဖယ်ရှားပေးနိုင်ပြီး ကင်ဆာအဖြစ်သို့ ယင်းဆဲလ်များ ပြောင်းလဲသွားမည် မဟုတ်ပေ။

Aft18jtcgf7xsvuyhivi

အန္တရယ်မြင့်မားတဲ့ HPV ဗိုင်းရပ်စ်ရှိ မရှိစစ်ဆေးမှု နောက်တစ်ခုမှာ HPV မျိုးရိုးဗီဇစစ်ဆေးမှု ဖြစ်ပါတယ်။ ပုံမှန်မဟုတ်တဲ့ အသားစများကို ထုတ်ယူစစ်ဆေးပြီးနောက် ပုံမှန်မဟုတ်သည့် ပြောင်းလဲမှုများ ၊ ကင်ဆာဖြစ်နိုင်တဲ့ ဆဲလ်များ ၊ ကင်ဆာဆဲလ်များကို စိစစ်လေ့လာနိုင်ရန် သားအိမ်ခေါင်းတစ်သှျုးများကို ခွဲစိတ်ဖယ်ရှားရနိုင်ပါတယ်။ သားအိမ်ခေါင်းကင်ဆာကို အဆင့် ၅ဆင့် သတ်မှတ်ထားတယ်။ သားအိမ်ခေါင်း၏ မျက်နှာပြင်တွင်သာ ကင်ဆာဆဲလ်များတေွ့ရတဲ့ အဆင့်ကို သုညဟု သတ်မှတ်ပါတယ်။ သားအိမ်ခေါင်းနေရာထက် ကျော်လွန်၍ ကင်ဆာဆဲလ်များ ပျံနှံ့မှုမရှိသေးတဲ့ အဆင့်ကို အဆင့်တစ်ဟု သတ်မှတ်တယ်။ ကင်ဆာအကျိတ် မျိုးပွားအင်္ဂါအပေါ်ပိုင်းသို့ ပျံ့နှံနေသောအဆင့်ကို အဆင့်နှစ်ဟု သတ်မှတ်ပါတယ်။

Qj0re55bvluvzz443xhk

အဆင့်သုံးသို့ ရောက်ချိန် ရောက်ချိန်တွင် ကင်ဆာအကျိတ်မှာ မျိုးပွားအင်္ဂါ အောက်ပိုင်းသို့ ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။ နောက်ဆုံး အဆင့်ဖြစ်သည့် အဆင့် ၄တွင် ကင်ဆာအကျိတ်သည် ဆီးအိမ်(သို့မဟုတ်) အူမကြီးနေရာသို့ ရောက်ရှိနေပြီ(သို့မဟုတ်) ကင်ဆာဆဲလ်များ ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့နေပြီပဲ ဖြစ်တယ်။ ကင်ဆာဆဲလ် ပါဝင်နိုင်တဲ့ တစ်သှျူးများကို ဖယ်ရှားပစ်ရန် ခွဲစိတ်မှု ခံယူရမည်ဟု ကျှမ်းကျင်သူတေွက လမ်းညွှန်ထားပါတယ်။ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းနှင့် ဓာတုကုထုံးဖြင့် ကုသခြင်းတို့ နှစ်မျိုး ပေါင်း၍လည်း ကုသနိုင်ကြောင်း သိရှိရပါတယ်။
#Ref( 7 day daily news - သားအိမ်ခေါင်းကင်ဆာ ဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.