စျေး မီဒီယာ
အခြား

အနာဂတ်မှာ သင် ဘယ်လိုလူမျိုးနဲ့ဖူးစာ ဆုံမလဲ

Posted by Zaw Lin Aung October 29, 2019
Nb0scmvgznj1tp9q6qow

ဖူးစာဆိုတာ အရမ်းဆန်းကြယ်ပါတယ်။ တစ်ခါတလေ ဘယ်လောက်ရှာရှာ မတေွ့တတ်သလို၊ တစ်ခါတလေကျတော့လည်း ကိုယ့်က မရှာပေမယ့် ကိိုယ့်ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ပဲ ထူးထူးဆန်းဆန်း ရောက်လာတတ်ပါတယ်။ ကိုယ့်ရဲ့ဖူးစာရှင်ဟာ ဘယ်လိုလူမျိုးဖြစ်မလဲဆိုတာ ကြိုသိချင်နေတဲ့သူတေွအတွက် လအလိုက် ဘယ်လိုလူမျိုးနဲ့ ဖူးစာဆုံတတ်လဲဆိုတာကို အခုလိုပဲ အသေးစိတ် မေတ္တာနဲ့ ဖော်ပြပေးလိုက်ပါတယ်။

Loqgsladufdxrjbrvgvw

1။ January
--------------

သင်ဟာ စိတ်ခံစားချက်ပြင်းထန်ပြီးတော့ ရည်မှန်းချက်ကြီးသူပီပီ သင့်ရဲ့ဖူးစာရှင်ဟာလည်း သင့်ရဲ့ဦးဆောင်မှုနောက်ကို လိုက်ပြီး သင့်ကိုအမြဲတမ်း အားပေး ကူညီတတ်တဲ့သူတစ်ယောက် ဖြစ်ပါလိမ့်မယ်။ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် သင့်အနားမှာပဲ ရှိနေတတ်ပြီး သင့်ဖက်ကနေ ရပ်တည်ပေးတဲ့သူပါပဲ။

G0zwpd86tte3w0azk7qi

2။ February
---------------

သင်ဟာ တစ်ခုခုဆို အရမး်ပေါက်ကွဲလွယ်တဲ့သူတစ်ယောက်ဖြစ်ပြီး ကိစ္စတိုင်းကို လိုက်ပြီးတော့ ခံစားတတ်တဲ့သူပါပဲ။ ဒါကြောင့် သင့်ရဲ့ဖူးစာရှင်ဟာ သင့်ရဲ့ပေါက်ကွဲလွယ်တဲ့စရိုက်ကို နားလည် သည်းခံပေးပြီးတော့ စိတ်ရှည်တဲ့သူမျိုးပဲ ဖြစ်ပါတယ်။

X1uphehk3fkoxviq6fox

3။ March
------------

သင်ဟာ အရမ်းကြင်နာသနားတတ်တဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ သင်ဟာ ချစ်တဲ့သူတေွအတွက်ဆိုရင် ဘာမဆို ပေးဆပ်ဖို့ ဝန်လေးတတ်သူ မဟုတ်ပါဘူး။ ဒါကြောင့်ပဲ သင့်ဖူးစာရှင်ဟာလညး် သင့်လိုပဲ အရမ်းချစ်တတ်ပြီး သင့်ကိုလည်း သေချာ ဂရုစိုက်ကြင်နာမယ့်သူတစ်ယောက်ပဲ ဖြစ်ပါလိမ့်မယ်။

Nc9elemk7yxmayi5cuvj

4။ April
----------

သင်ဟာ သင့်ကိုယ်သင် အထင်ကြီးပြီး ဘဝင်မြင့်တတ်တဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ သင့်ရဲ့ဖူးစာရှင်ဟာ သင်မလုပ်ချင်တဲ့အရာ၊ မဖြစ်ချင်တဲ့အရာကို ဇွတ်အတင်း ဖိအားပေးမယ့်သူ မဟုတ်သလို၊ သင့်ကိုလည်း လွတ်လပ်ခွင့် အပြည့်ပေးမယ့်သူမျိုးပါပဲ။

Qo9vl4fh2suyqgxmxb4w

5။ May
----------

သင်ဟာ ရည်မှန်းချက်ကြီးပြီး အောင်မြင်ချင်စိတ် ပြင်းထန်တဲ့သူပါပဲ။ သင့်ဘဝမှာ ရည်မှန်းချက်ပန်းတိုင်တေွ အများကြီးရှိသလို ၊ သင့်ကို ထိန်းချုပ်တဲ့သူမျိုးကိုလည်း မကြိုက်ပါဘူး။ ဒါကြောင့် သင့်ရဲ့ဖူးစာရှင်ဟာ သင့်ရည်မှန်းချက်ကို အကောင်အထည်ဖော်ရာမှာ အကူအညီပေးပြီးတော့ ဘယ်တော့မှ သင့်ရဲ့ ရည်မှန်းချက်တေွနဲ့ ပတ်သက်ပြီးတော့ အတားအဆီးမပေးတဲ့သူမျိုး ဖြစ်ပါတယ်။

Mnblkvqiugtxvllcm0rv

6။ June
----------

သင့်အတွက် စကားပြောဖော်ကောင်းတစ်ယောက်က အလိုအပ်ဆုံး ဖြစ်ပါတယ်။ သင့်ရဲ့ဖူးစာရှင်ဟာ သင့်စိတ်ထဲရှိသမှျကို ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆေွးနေွးလို့ရတဲ့ သူတစ်ယောက်ဖြစ်ပြီး ဘယ်အကြောင်းအရာကိုမဆို သင်နဲ့ကောင်းမွန်စွာ ပြောဆိုဆေွးနေွးပေးနိုင်တဲ့ သူတစ်ယောက်ပဲ ဖြစ်ပါလိမ့်မယ်။

I1bbbmzlumqi7suk5a3l

7။ July
---------

သင့်ရဲ့ဖူးစာရှင်ဟာ သင့်ကို ချစ်ပြီးရင် ဘယ်တော့မှ နောက်ဆုတ်တော့မယ့် သူမျိုး မဟုတ်ပါဘူး။ သင်ဟာ လူမှုဆက်ဆံရေး ပြေပြစ်ကောင်းမွန်တဲ့သူဖြစ်တာကြောင့် သင့်ကိုချစ်တဲ့သူမရှားပါဘူး။ ဒါကြောင့်မို့ပဲ သင်ဟာမြာပေွတတ်သူတစ်ယောက် ဖြစ်ခဲ့ကောင်းဖြစ်ခဲ့မယ် ဒါပေမယ့် သင့်ဖူးစာရှင်ကတော့ သင့်ကိုခွင့်လွှတ်မယ့်သူမျိုးပါပဲ။

Nojaj73aqcgwlaahaczi

8။ August
-------------

သင်ဟာ မေွးရာပါ ခေါင်းဆောင်အရည်အချင်းရှိတဲ့သူပါ။ ကိုယ်ပိုင်ဆုံးဖြတ်ချက်ရှိပြီး လူအများကို သင့်ဖက်ပါလာအောင် အချိန်တိုအတွင်းမှာ လုပ်ဆောင်နိုင်တဲ့သူပါပဲ။ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် သင်ဟာလုပ်ရဲရင် ခံရဲတဲ့သူပါ။ ဒါကြောင့် သင့်ဖူးစာရှင်ဟာ သင့်ကို အစစအရာရာ လိုက်လျောပေမယ့် မကောင်းတဲ့အရာတေွဆိုရင် တားမြစ်ပိတ်ပင်ပေးနိုင်တဲ့ သူမျိုးပါပဲ။

C5xz6koo8pozqvtlfsjh

9။ September
------------------

သင်ဟာ အာဏာရပြီး ခြယ်လှယ်ချင်တဲ့ ပင်ကိုယ်စိတ်ရှိတဲ့ သူတစ်ဦးပါပဲ။ သင်ဟာ အရမ်းကို အဆင့်အတန်းမြင့်ချင်ပြီး မေှျာ်လင့်ချက်တေွ အရမး်များတဲ့သူတစ်ယောက်ပါ။ ဒါပေမယ့် သင့်ရဲ့ဖူးစာရှင်ကတော့ သင်မေှျာ်လင့်ထားတာထက် သာလွန်တဲ့သူတစ်ယောက် ဖြစ်နေပါလိမ့်မယ်။

Ccs19ytproj047acnqup

10။ October
---------------

သင်ဟာ ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် ကိုယ့်ကိုယ်ကို ကျေနပ်ဖို့နဲ့ လူတေွကို သိပ်အာရုံမစိုက်ဖို့ ကူညီပေးနိုင်တဲ့ သူကို လိုအပ်ပါတယ်။ သင်ဟာ သူတစ်ပါးရဲ့အမြင်၊ ဝေဖန်မှုတေွကို အရမ်းအာရုံစိုက်တတ်သူပီပီ အမြဲတမ်းကိုယ့်ကိုယ်ကို မကျေမနပ်၊ ယုံကြည်မှုတေွ ပျောက်ဆုံးနေတတ်ပါတယ်။ သင့်ဖူးစာရှင်ဟာ သင့်ကိုသင် ယုံကြည်မှုရှိစေပြီး သင့်ရဲ့ဖြစ်တည်မှုကို ချစ်တတ်ဖို့ ကူညီပေးမယ့်သူမျိုးပဲ ဖြစ်ပါတယ်။

Ralszpj0flgiwadloopv

11။ November
------------------

သင်ဟာ အရမ်းကို ရည်မှန်းချက်ကြီးပြီး စိတ်အားထက်သန်တဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ သင်ဟာ ဘယ်တော့မှ အလုပ်နဲ့လက်မပြတ်အောင် လုပ်တတ်တဲ့သူဖြစ်ပြီး သင့်ရဲ့အစွမး်အစတေွကို အကျိုးရှိရှိ အသုံးချတတ်သူပါပဲ။ သင့်ရဲ့ဖူးစာရှင်ဟာ သင့်ကို စိတ်ပျော်ရွှင်လန်းဆန်းစေမယ့်၊ အမောပြေစေမယ့် သူတစ်ယောက်ပါ။ သင့်ကို မွန်းကျပ်စရာတေွ၊ များပြားလွန်းတဲ့ အလုပ်တေွဆီကနေ ခေါ်ထုတ်ပေးနိုင်တဲ့သူမျိုးပဲ ဖြစ်ပါတယ်။ အထူးသဖြင့် သင့်ကို အရမ်းချစ်တတ်ပြီးတော့ အရမ်းဂရုစိုက်တတ်တဲ့သူတစ်ယောက် ဖြစ်နေတတ်တယ်။

Hxvoxdclehgdke8gaqdh

12။ December
------------------

သင်ဟာ ရိုးသားပြီး ယုံကြည်လို့ရတဲ့ သူတစ်ယောက်ပါ။ သင့်ရဲ့ဖူးစာရှင်ဟာလည်း သင့်ရဲ့အကျင့်နဲ့ ထပ်တူ ရောင်ပြန်ဟပ်စေမယ့်သူပါပဲ။ သူနဲ့အတူရှိနေရရင် သင်ဟာ အရမး်သက်တောင့် သက်သာဖြစ်သလို ခံစားရပြီး သင့်အပေါ်ကိုလည်း အချစ်စစ်နဲ့ချစ်တယ်ဆိုတာကို ခံစားစေမယ့်သူမျိုးပါ။ သင့်ရဲ့ဖူးစာရှင်ဟာ ယုံကြည်ရတဲ့သူတစ်ယောက်ဖြစ်သလို သင့်ကိုလည်း အမြဲတမး်အားပေးပြီးတော့ သင့်အနားမှာ အမြဲရှိနေမယ့် သူမျိုးပါပဲ။
#Ref( မြန်မာရိုးရာဗေဒင် ဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.