မေမေတို့ရေ သားသားမီးမီးလေးတေွ ကျန်းမာပြည့်ဖြိုးဖို့အတွက်ဆိုရင်တော့ အူကျန်းမာရေးကောင်းမွန်ပြီး အူလမ်းကြောင်းသန့်စင်ဖို့လည်း လိုအပ်ပါတယေ်နာ်။ အဲ့ဒါကြောင့် ကလေးငယ်တေွအတွက် လိုအပ်တဲ့ အူလမ်းကြောင်းဆိုင်ရာကျန်းမာရေးကောင်းမွန်စေဖို့ လိုအပ်ချက်လေးတေွကို မှျဝေပေးလိုက်ပါတယ်နော်။
ဖိုက်ဘာဓာတ်ပြည့်ဝဖို့ ဂရုစိုက်ပေးပါ။ သားသားမီးမီးတို့သာမကဘဲ မိသားစုတေွအားလုံးအတွက် အစာခြေစနစ်ကောင်းမွန်စေဖို့ ဖိုက်ဘာဓာတ်က အရမ်းကို အရေးကြီးပါတယ်။ ဖိုင်ဘာဓာတ်က အစားစားသုံးရာမှာ အူသိမ်၊ အူမကြီးတေွကို ဖြတ်သန်းသွားစဉ်အစာခြေစနစ်ကောင်းမွန်စေဖို့ အထောက်အကူပေးပါတယ်။
နောက်တစ်ခုကတော့ Probiotic ထောက်ပံ့ပေးဖို့ပါ။ ကလေးငယ်တစ်ဦးရဲ့ အစာအိမ်နဲ့အူလမ်းကြောင်းအတွက် အထောက်အကူပြုစေမယ့် ကောင်းမွန်တဲ့ ဘက်တီးရီးယားတေွကို သူကထုတ်လုပ်ပေးပါတယ်။
ငယ်ရွယ်တဲ့ကလေးတေွကို နို့ချိုတိုက်ကျေွးမှုမှာတော့ လုံလောက်တဲ့ပမာဏအထိ ကလေးငယ်ရဲ့သောက်သုံးနိုင်အားအပေါ် မူတည်ပြီး တိုက်ကျေွးရမှာပါ။ ကလေးငယ်ရဲ့အူလမ်းကြောင်းကျန်းမာရေးဟာ သူစားသုံးတဲ့ အစားအစာတေွ၊ နို့သောက်သုံးမှုတေွအပေါ်မှာ မူတည်နေပါတယ်။ ဖြည့်စွက်စာကျေွးတဲ့အရွယ်ရောက်လာခဲ့ရင်တော့ နို့ချိုကိုသာ အမြဲတမ်းသောက်သုံးနေတဲ့ကလေးအတွက် အနှစ်ကျေွးမေွးမှုမှာ အနည်းငယ်စီအကျင့်ပြုလုပ်ပြီးမှ ကျေွးပေးတာက အူလမ်းကြောင်း ကျန်းမာရေးအတွက် ပိုမိုအထောက်အပံ့ဖြစ်စေပါတယ်နော်။
Ref; HM (ကျားလေး)