မေမေတို့ရေ သားသားမီးမီးလေးတေွရဲ့ အနာဂတ်ပိုမိုတောက်ပစေဖို့အတွက် ကလေးငယ်တေွနဲ့ မိဘတေွရဲ့ကြားမှာ ရင်းနှီးနေွးထေွးတဲ့ ပွင့်လင်းတဲ့ဆက်ဆံရေးပိုမိုရရှိနေဖို့ လိုအပ်ပါတယ်။ ငယ်စဉ်ကတည်းက ကလေးငယ်နဲ့ ရင်းနှီးစွာ နေွးထေွးစွာ ပြောဆိုဆက်ဆံပေးရပါမယ်။ သိတတ်စအရွယ်ရောက်လာချိန်မှာလည်း ကလေးငယ်ရဲ့ အပြုအမူတေွ၊ အပြောအဆိုတေွ မှားယွင်းတာတေွကို ပြင်ဆင်ပေးတဲ့အခါ ဆူပူတာ၊ မာန်မဲတာမျိုးမပြုလုပ်ဘဲ ကလေးငယ်ရဲ့အမှားက ဘယ်လိုကြောင့်ဖြစ်ရတယ်၊ ဒီအမှားကို ဘယ်မျိုးပြုပြင်သင့်တယ် ဆိုတာမျိုးတေွနဲ့ အကျိုးအကြောင်းသင့်စွာ တေွးတောပြီး ကလေးငယ်ကိုယ်တိုင်က အမှားကိုသိရှိပြီး ပြုပြင်တတ်လာအောင် သင်ပြပေးဖို့လိုပါတယ်။
နောက်တစ်ခုကတော့ မိဘတေွကိုယ်တိုင်က ကလေးငယ်တေွအတွက် စံပြဖြစ်နေဖို့လိုပါတယ်။ ကလေးရဲ့စိတ်ထဲမှာ မိဘတေွဟာ အော်တိုစံပြရှိနေပြီးဖြစ်တာကြောင့် မေမေ၊ ဖေဖေတို့ရဲ့ အပြုအမူ အပြောအဆိုတေွကလည်း ကလေးငယ်ရဲ့ လိမ္မာရေးခြားရှိမှုအပေါ် မူတည်နေပါသေးတယ်။ ကလေးငယ်ဟာ မိဘတေွကို ကြောက်ရွံ့နေဖို့မသွန်သင်ဘဲ ကလေးငယ်ဟာ မိဘအပေါ် ယုံကြည်အားကိုးစိတ်တေွသာ ရှိနေစေဖို့အတွက် သွန်သင်ပေးရမှာဖြစ်ပါတယ်။ အဲ့ဒါမှလည်း ကလေးငယ်ဟာ အရာရာတိုင်းကို ဖေဖေ၊ မေမေတို့ကို တိုင်ပင်ဆေွးနေွးနိုင်မှာဖြစ်လို့ မိဘတေွက ကလေးငယ်ကို လမ်းမှန်ရစေဖို့ ဆုံးမလမ်းညွှန်ပေးနိုင်မှာလည်း ဖြစ်ပါတယ်နော်။
မိခင််နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)