မေမေတို့ရေ ရင်သေွးငယ်လေးတေွကို မေွးဖွားနိုင်ဖို့ ကိုယ်ဝန်ဆောင်ချိန်ကစတင်ပြီး မေွးဖွားပြီးချိန်၊ ကြီးပြင်းလာချိန်တေွတလေှျာက်လုံးမှာ ဂရုတစိုက်နဲ့ ပြုစုစောင့်ရေှာက်ပေးဖို့လိုအပ်နေပါတယ်။ မေမေ့ဗိုက်ထဲမှာရှိတဲ့ ကိုယ်ဝန်ဆောင်ကာလမှာလည်း ရင်သေွးငယ်ကို ဂရုတစိုက်နဲ့ ကောင်းမွန်စွာဖွံ့ဖြိုးလာဖို့ မေမေတို့ရဲ့ နေထိုင်ပြုမူမှုတေွ၊ လှုပ်ရှားသွားလာမှုတေွကအစ ဂရုစိုက်ပေးရပါမယ်။
မေွးဖွားစမှာဆိုရင်လည်း နုနယ်တဲ့ကလေးငယ်ကို ရောဂါပိုးတေွ မကူးစက်အောင် သေချာဂရုတစိုက်နဲ့ ပြုစုပေးရပါမယ်။ ကလေးငယ်ကို ထိတေွ့ကိုင်တွယ်မှုကအစ ကလေးငယ်ကိုထားရှိတဲ့ နေရာထိုင်ခင်းတေွကအစ အစစ ဂရုစိုက်ပေးရပါမယ်။
မိခင်ရဲ့နို့တိုက်ကျေွးတဲ့အခါမှာလည်း ကလေးငယ်ကောင်းမွန်စွာ နို့ချိုသောက်သုံးနိုင်ဖို့အတွက် မေမေတို့တေွက စနစ်တကျပြုမူပေးရမှာဖြစ်ပါတယ်။ ကလေးငယ်ကို လေ့ကျင့်သင်ကြားမှုတေွ၊ ကလေးငယ်အပေါ် ဆက်ဆံမှုတေွကိုလည်း ဂရုတစိုက်ရှိသင့်ပါတယ်။
လုပ်ငန်းခွင်ဝင်နေရတဲ့ မိခင်တေွဆိုရင်တော့ လုပ်ငန်းခွင်ထဲကို ခွင့်စေ့လို့ ပြန်မသွားရမီတစ်ပတ်လောက်အလိုကစတင်ပြီး ကလေးငယ်ကို နို့ဗူးနဲ့စို့တတ်တဲ့အကျင့်ရအောင် လေ့ကျင့်ပေးရပါမယ်။ ကလေးငယ်နဲ့ အတူစောင့်ရေှာက်ပြီးကျန်နေရမယ့် သူနဲ့မိခင်နဲ့အတူတူ ရင်သေွးငယ်တွယ်တာလာအောင် လေ့ကျင့်ပေးရပါမယ်။ လုပ်ငန်းခွင်ပြန်ဝင်ရတော့မယ်ဆိုရင်လည်း အလုပ်မသွားခင်မှာ ကလေးငယ်ကို နို့ဝအောင်တိုက်ပေးပြီး အလုပ်ကပြန်လာပြီးချိန်မှာလည်း ကလေးငယ်အတွက် အပြည့်အဝအချိန်ပေးသင့်ပါတယ်နော်။
ကလေးငယ်ကြီးပြင်းလာချိန်မှာလည်း သင်ကြားလေ့ကျင့်မှုတေွကို ပုံမှန်ပြုလုပ်ပေးဖို့လိုသလို ကျောင်းနေရွယ်ရောက်လာတဲ့တိုင်အောင် မိဘတေွရဲ့သင်ကြားမှုတေွကို မပြတ်ဘဲနဲ့ အမြဲတမ်းသင်ကြားပေးနေပြီး ကလေးငယ်ရဲ့ဖွံ့ဖြိုးမှုမှတ်တိုင်တေွ ပိုမိုကောင်းမွန်လာစေဖို့ ပြုလုပ်ပေးသင့်ပါတယ်နော်။
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)