စျေး မီဒီယာ
အခြား

“ ခြောက်လှန့်ခြင်း၏ ဆိုးကျိုးများ ’’

Posted by May Thaw Htoo April 10, 2022
N4wgaefk9pedyfkfxavj


“ ကလေးက ဘာကိုကြောက်မှန်း မသိဘူး။ ”
“ ညကလည်း ကောင်းကောင်း မအိပ်ဘူး ။ ”
ကြောက်တယ် ကြောက်တယ် ဆိုပြီး ထထအော်နေတယ်

ကြောက်ရသောအကြောင်း၏ အခြေခံအချက်သည် ခြိမ်းခြောက်ခြင်းကို ခံရသောကြောင့်ပင်။
ကလေးအသက်နှစ်နှစ် ၀န်းကျင်ခန့်လောက်တွင် မိဘအုပ်ထိန်းမှုအောက်မှာပင် ခြိမ်းခြောက်ခံရလေပြီ။
ဘယ်လို အခြေအနေမှာ ခြောက်သလဲဆို
• ကလေးကို ထမင်းကျွေးရခက်လျှင်
• အိပ်ချိန်တန်၍ မအိပ်လျှင်
• ပြောစကား နားမထောင်လျှင် ခြိမ်းခြောက်တတ်သည် ။
ထိုအသက်အရွယ်မဆိုကားနှင့် စကားမပြောတတ်သေးသော လသားအရွယ်မှာပင်၊
ငိုလွန်း၍ဟူသော အကြောင်းပြချက်ဖြင့် ခြိမ်းခြောက်တတ်သည် ။
“ ဒေဝေါကြီးလာနေပြီနော် ” ကလေးသည် ဒေဝေါဆိုသည်မှာ ဘာမှန်း မသိသော်ငြားလည်း အားရပါးရကြောက်ပါလေတော့သည်။
ရံခါ၌ “ အရူးကြီးရေ…လာဖမ်းပါ ” ဟုဆိုကာ ခြောက်လိုက်သေးသည်။


ဤသို့လွယ်ကူစွာ ပြုလုပ်လိုက်သော “အမှတ်တမဲ့ ကိစ္စလေး ” သည် ကလေးအတွက် တစ်သက်တာအမှတ်တရ ဖြစ်သွားပါသည်။

အခြောက်လှန့်ခံရသော ဖြစ်ရပ်တို့ တွေ့ကြုံဖန်များလာသော်
• ကလေးသည် အားငယ်တတ်လာပါသည်။
• မိမိကိုယ်မိမိလည်း ယုံကြည်မှုနည်းလာတတ်ပါသည်။
• ကိုယ်ပိုင်ဆုံးဖြတ်ချက် မချတတ်ဖြစ်လာပြီး နောင်တွင် ပတ်ဝန်းကျင်၏လွှမ်းမိုးမှုကို အလွယ်တကူခံလာရတတ်ပါသည်။
• အားလုံးကိုကြောက်ရသည် ဟူသောအစွဲကြောင့် မလိုလားအပ်သောပြသနာများ ကြုံတွေ့လာတတ်ပါသည်။
• စိတ်ကျရောဂါရှိလာပါလျှင် ကလေး၏အနာဂတ် မည်သို့လှပနိုင်ပါတော့မည်နည်း။

မိဘအုပ်ထိန်းသူတို့က ဤသို့သော အကျိုးဆက်ရတတ်သည်ကို သတိမပြုမိကြပေ။
ကလေးတိုင်းဖြစ်မည်ဟု ဆိုလိုသည်တော့ မဟုတ်ပါသော် ကလေးအများစု ကြုံတွေ့ရသည်။
ကျောင်းသားကျောင်းသူအရွယ် ကလေးကြီးများလည်း ရံခါခြောက်လှန့်ခြင်းခံရသည်။ ငယ်စဉ်က ခြောက်လှန့်ခြင်းခံရသော အကျိုးဆက်ကြောင့် ကြောက်တတ်သည်လည်း ရှိတတ်ပေသည်။ ငယ်စဉ်က ခြောက်ပြသော ဒေဝေါတို့ အရူးတို့သည် ယခုအသက်အရွယ်တွင် အတိတ်ကာလဖြစ်သွားပြီး ပုံပြင်သဖွယ်ဖြစ်သွားသော်လည်း ကြီးလာသောအခါ

• အခန်းတွင်း၌ တစ်ယောက်တည်းမနေရဲခြင်း၊
• အမှောင်ကိုကြောက်ခြင်း
• သန့်စင်ခန်းသို့တစ်ယောက်ထဲမသွားရဲခြင်း စသည်တို့သည် ခြောက်လှန့်ခြင်းကြောင့် ကြောက်နေခြင်းဖြစ်သည်။

ထိုထက်လွန်ကဲ၍ ကြောက်လန့်လျှင်မူ အခြေခံကြောက်လန့်မှုတစ်ခုခုရှိနေပြီလော စောင့်ကြည့်သင့်ပါသည်။


မှတ်ချက်။ ။ မေ့ရင်သွေး မဂ္ဂဇင်း ၂၀၁၇ သြဂုတ်လ ထုတ်တွင် ဒေါက်တာ ယုဇနစောမြင့် ၏ “ ခြိမ်းခြောက်သမှု…..မပြုစေလို” …အပိုင်း - ၁.. ’’ ဆောင်းပါး မှ ကောက်နုတ်ထားခြင်း ဖြစ်ပါသည်။

San Su Kyi Naing

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.