• Wd4j8bastkkokjvtju3y Wd4j8bastkkokjvtju3y

Similac Mum Eye-Q (IQ) Vanilla (900 g)

88,072 Ks

Similac တံဆိပ် Mum EyeQ(IQ) Vanilla နို့မှုန့်လေးဟာ ကိုယ်၀န်ဆောင်မိခင်တွေနဲ့ နို့တိုက်မိခင်တွေအတွက် ဖြည့်စွက်အာဟာရ ဗနီလာအရသာနို့မှုန့်လေးဖြစ်ပါတယ်။ မိခင်တွေအတွက်လိုအပ်တဲ့ ဗီတာမင်နဲ့သတ္တုဓာတ် ၂၇-မျိုး ၊ ပရိုတင်းဓာတ်၊ ဦးနှောက်နဲ့မျက်လုံးဖွံ့ဖြိုးတိုးတက်စေတဲ့ အာဟာရဓာတ် နဲ့ Prebiotic အမျှင်ဓာတ်တို့ ပါ၀င်တဲ့ဖြည့်စွက်အာဟာရ နို့မှုန့်လေးပါ။ အဆီပါ၀င်မှုနည်းတဲ့ နို့မှုန့်ဖြစ်တာကြောင့် ကိုယ်အလေးချိန်တိုးမှာကို စိတ်ပူစရာမလိုတော့ဘူး။
ကိုယ်၀န်ဆောင်နေစဉ်မှာ သန္ဓေသားကလေးငယ်အတွက် လိုအပ်တဲ့ ဦးနှောက်နဲ့အမြင်အာရုံဖွံ့ဖြိုးတိုးတက်စေတဲ့ အာဟာရဓာတ်တွေပါ၀င်တဲ့အပြင် မိခင်တွေအတွက်လည်း အမျှင်ဓာတ်ပါ၀င်တာကြောင့် ၀မ်းမချုပ်စေဘဲ အစာချေစနစ်ကိုကောင်းမွန်စေပါတယ်။ ကယ်လစီယမ်ဓာတ်ကိုစုပ်ယူမှုအားကောင်းစေပြီး ကိုယ်ခံစွမ်းအားစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။ ရင်သွေးငယ်လေးတွေကို ကြီးထွားဖွံ့ဖြိုးတိုးတက်စေတဲ့ အာဟာရဓာတ်တွေလည်း ပါ၀င်ပြီးနို့တိုက်မိခင်တွေ နို့ထွက်အားကောင်းစေဖို့လည်း ကူညီပေးပါတယ်။ ဒါ့အပြင် ဆီးချိုရောဂါရှိတဲ့ ကိုယ်၀န်ဆောင်မိခင်တွေအတွက်လည်း သင့်တော်ပါတယ်။

ဖျော်စပ်ပုံ
(နို့မှုန့်ဘူးတွင်ပါ၀င်သောဇွန်းဖြင့်သာ ချိန်တွယ်အသုံးပြုရမည်)

တစ်ကြိမ်ဖျော်စပ်စာ နို့မှုန့် '၃' ဇွန်း _ ရေပမာဏ 150 ml
တစ်နေ့ '၂' ကြိမ် သောက်သုံးသင့်ပါသည်။

သတိပြုရန်
လိုအပ်တဲ့ပမာဏထက်ပိုပြီး သောက်သုံးပါက အန္တရာယ်ရှိနိုင်ပါသည်။ နို့မှုန့်ဖျော်ပြီးလျှင် '၂၄' နာရီအတွင်းသာ အသုံးပြုရပါမည်။ မိုက်ခရိုဝေ့ဗ်ဖြင့် လုံး၀အပူ‌မပေးပါနှင့်။ နို့မှုန့်ဘူးကိုဖွင့်ပြီး ၃-ပတ်အတွင်းသာ အသုံးပြုသင့်ပါသည်။

- Similac Mum Eye-Q (IQ)Vanilla ဖြည့်စွက်အာဟာရနို့မှုန့်
- 900g ပါ၀င်ခြင်း
- အဆီပါ၀င်မှုနည်းခြင်း(Low Fat)
- Vitamin & Minerals 27 , Protein, EyeQ system, DHA, Prebiotics
(ScFOS) တို့ပါ၀င်ခြင်း
- ဆီးချို‌ရောဂါရှိသောကိုယ်၀န်ဆောင်မိခင်များလည်းအသုံးပြုနိုင်ခြင်း
- Made in Singapore



Code: 0208131002

tracker id: 0 #1777