• Uofnizg6tcey8xf4kkpj Uofnizg6tcey8xf4kkpj

Pureen Diaper cream(Thai)50g

15,900 Ks

Pureen Diaper cream
(Thai imported)
ဘေဘီလေးတွေဘာကြောင့် ဒိုက်ပါလောင်တာလဲ👇👇 ??
___________________________

ဘေဘီလေးတွေမွေးကင်းစမှာ အသားအရည်လေးက နုဖတ်နေတာပါနော်။ ဒိုက်ပါသုံးပြီး သေချာသန့်ရှင်းရေးလုပ်မပေးရင် ဆီးပူလောင်နိုင်ပါတယ်။

မွေးကင်းစအတွက် အထူးထုတ်ထားတဲ့ ဒိုက်ပါတွေရှိပေမယ့် မဖြစ်မနေ အချိန်ကလွဲလို့ တစ်လသားမပြည့်ခင်ထိတော့ ဒိုက်ပါကို တတ်နိုင်သမျှ မသုံးပါနဲ့ဦးနော်။

ဘေဘီလေးက အသက်တစ်လပြည့်ပြီး ကျန်းမာရေးလည်းစိတ်ပူစရာမရှိတော့ဘူးဆိုရင်တော့ ဒိုက်ပါစသုံးလို့ရပါပြီ။

***ဒိုက်ပါသုံးတဲ့အခါ ဒိုက်ပါလောင်ခြင်းမဖြစ်အောင် ဒီအဆင့်တွေကို ဒိုက်ပါတစ်ခါလဲတိုင်း အမြဲလုပ်ပေးရမှာပါနော်***

✅ဒိုက်ပါကို ဆီးပြည့်ပြည့် မပြည့်ပြည့် (၃)နာရီကနေ (၄)နာရီအထိပဲထားပြီး အချိန်ပြည့်တာနဲ့ တစ်ခါလဲရပါမယ်။
✅ဝမ်းသွားရင်တော့ သိတာနဲ့ တန်းလဲပါ။
✅ဒိုက်ပါလဲရင်လည်း ဒီတိုင်းချွတ်လဲလိုက်တာမျိုးမလုပ်ပါနဲ့။
✅ရေကျက်အေးလေးတွေကို ပလတ်စတစ်ဘူးတစ်ခုထဲထည့်ပြီး သီးသန့်ထားပါ။ အဲဒီထဲကို ဂွမ်းလေးတွေစိမ်ပြီး ကလေးရဲ့ ပေါင်ကြားလေးတွေ၊ အပေါ့အလေးစွန့်တဲ့နေရာလေးတွေကိုသုတ်ပေးပါ။
✅ရေစိုနေတာကို ခြောက်အောင် အနှီးတစ်ခုသီးသန့်ထားပြီး ပြန်သုတ်ပါ။
✅ပြီးရင် ဒိုက်ပါမလောင်အောင်ကာကွယ်ပေးတဲ့ Diaper Cream လေးလိမ်းပါ။ ပြီးမှ ဒိုက်ပါအသစ်ပြန်ဝတ်ပေးပါ။

ဘေဘီလေးတွေ ဆီးပူလောင်ရင် အရမ်းသနားဖို့ကောင်းပါတယ်။ ပြန်လည်းမပြောတတ်တာကြောင့် ဝေဒနာကိုကြိတ်ခံရမှာမလို့ တစ်နေ့ကို ဒိုက်ပါလဲရင်လဲသလောက် ဒီအဆင့်လေးတွေကို မဖြစ်မနေလုပ်ပေးပါနော်..။

ကာကွယ်ခြင်းက ကုသခြင်းထက်ပိုထိရောက်တာမလို့ မဖြစ်ခင် ကြိုတင်ကာကွယ်နိုင်ဖို့အတွက် ဆောင်ရန်/ရှောင်ရန်လေးတွေ မျှဝေပေးလိုက်ပါတယ်နော်မေမေတို့ရေ​😍

🥰ကလေးလေးများအတွက်🥰



Code: NBT42664

tracker id: 0 (on) #42664