• Rhxbd1vytzpgt9ududdw Rhxbd1vytzpgt9ududdw

Physiolac Growing Up, Step 3(1-3 years), 900g

58,500 Ks

(Physiolac Growing Up ) နို့မှုန့်ဟာ ၁နှစ်မှ ၃နှစ်ထိရှိတဲ့ ဘေဘီလေးတွေသောက်သုံးနိုင်ပြီး တစ်ဗူးတွင် 900 ဂရမ်ပါဝင်ပါတယ်။ ဘေဘီလေးတို့အသက်အရွယ်အလိုက်ပြောင်းလဲနေတဲ့ ဇီဝကမ္မဖြစ်စဉ်များအတိုင်း အခြေခံထုတ်လုပ်ထားပြီး ဘေဘီလေးတို့အတွက် DHAလုံလောက်စွာပါဝင်ပါတယ်။ ပြင်သစ်နိုင်ငံထုတ် Physiolac နို့မှုန့်တွင်ကလေးများကိုအန္တရာယ်ဖြစ်စေသော မှို၊ဘက်တီးရီးယားများကင်းစင်ကြောင်း လက်မှတ်များနှင့်ထောက်ခံချက်များရရှိထားပါတယ် ။
နို့မှုန့်တွင် ပါဝင်သောအချိုးအစားများကို ဘေဘီလေးတို့အတွက် ကောင်းမွန်သောအာဟာရ ရစေဖို့သင့်တင့်မျှတစွာ ထည့်သွင်းထားခြင်းကြောင့် ဝမ်းပျက်၊ဝမ်းလျှော၊ အစာမကြေ၊ လေထိုးလေအောင့် စတာတွေကို မဖြစ်စေသည့်အပြင် ဘေဘီလေးများ၏ကိုယ်ခံစွမ်းအားကို တိုးတက်စေပြီး၊ အရိုးများကို ပုံမှန်ဖွံ့ဖြိုးစေပါတယ်။ ဘေဘီလေးငယ်တို့အတွက် ဗီတာမင် ၁၃မျိုး၊ သံဓာတ် ၊ကယ်စီယမ်ဓာတ်နှင့်အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် အစာအိမ်၊ အူလမ်းကြောင်းအတွင်းရှိ အကျိုးပြု ဘက်တီးရီးယားများကို ရှင်သန်ပေါက်ဖွားစေပါတယ်။ နို့တိုက်မေမေများ အကြောင်းအမျိုးမျိုးကြောင့် မိခင်နို့မတိုက်ကျွေးနိုင်သောအခါ ဘေဘီလေးတို့အတွက် အထူးကောင်းမွန်သော နို့မှုန့်ဖြစ်ပါသည်။

ဖျော်စပ်ပုံ
- တစ်ကြိမ်ဖျော်စပ်စာ နို့မှုန့်ဇွန်း "၈" ဇွန်း - ရေပမာဏ " 240 ml "
-တစ်နေ့ ( ၂ ) ကြိမ်ဖြစ်
- ကလေးရဲ့လိုအပ်သော အာဟာရအတွက် အကြိမ်အရေအတွက်ကို ဆရာဝန်ဖြင့်တိုင်ပင်ပြီး မှတိုက်ကျွေးနိုင်ပါတယ်။
-နို့ဗူးဖြင့်သော်လည်းကောင်း ခွက်ဖြင့်သော်လည်းကောင်းတိုက်ကျွေးနိုင်ပါတယ်။

သတိပေးချက်
- နို့ဗူးအတွင်းပါသော Measuring Scoop နို့မှုန့်ချိန်ခွက်ကိုသာအသုံးပြုပါ။
- နို့မှုန့်ဖျော်ပြီးနောက် ချက်ချင်းအသုံးပြုပါ။
-ကလေးနို့တိုက်ကျွေးပြီးနောက် ပိုနေလျှင်စွန့်ပစ်ပါ။
-အဖုံးကိုလေလုံအောင်ပိတ်ပြီး အေးမြခြောက်သွေ့သောနေရာတွင်ထားပါ။
-သံဗူးအဖုံးဖွင့်ပြီးလျှင် တစ်လအတွင်း ကုန်အောင်အသုံးပြုပါ။

-Physiolac Growing Up Step 3
-1နှစ်မှ3နှစ်ထိတိုက်ကျွေးနိုင်ခြင်း
-ပါဝင်သည့်နို့မှုန့်ပမာဏ900 (g)
-Made in France



Code: 3518646123290

tracker id: 8 #3118