• Bwfy6amekcncjqgjyppq Bwfy6amekcncjqgjyppq

သမုဒ္ဒရာစွန့်စားခန်း (Ocean Adventure)

5,000 Ks



✅သမုဒ္ဒရာစွန့်စားခန်း (Ocean Adventure) တဲ့။

သူက ထူးခြားချက်လေးတွေနဲ့ပေါ့။

🐬သဒ်စတိုရီရဲ့ အနည်းငယ်သော သုတစာအုပ်တွေထဲက တစ်အုပ်ဖြစ်ပါတယ်။ ဘာအကြောင်းလဲ ဆိုတော့ ပင်လယ်ကြီး အကြောင်းပါ။ ပင်လယ်နဲ့ ပင်လယ်က သက်ရှိတွေအကြောင်းကို ပြောပြချင်တဲ့ မေမေ၊ ဖေဖေ တွေ၊ တီချယ်တွေ ဝယ်ထားရမယ့် စာအုပ်လေးပေါ့။

🐙နောက်ထပ်ထူးခြားချက်ကတော့ ဒီစာအုပ်ကို ဖန်တီးသူဟာ သဒ်စတိုရီ စာအုပ်တိုက်အတွက်အငယ်ဆုံး စာရေးသူ၊ သရုပ်ဖော်ပုံ ရေးဆွဲသူဖြစ်ပါတယ် ♥️👏။

🐠အန်ဒရီယာ ဆိုတဲ့ (၈)နှစ်သမီး ကောင်မလေးဟာ သူ့မိဘတွေနဲ့ ပင်လယ်ထဲက ကျွန်းနိုင်ငံ တစ်ခုမှာ ရောက်နေတုန်း
ဒီစာအုပ်လေးကို ဖန်တီးခဲ့တာပါ။

🐢အခရိုင်းလစ် ဆေး ကို အသုံးပြုပြီး ဖန်တီးထားတဲ့ ရုပ်ပုံတွေဟာ စာသားတွေက ပေးတဲ့ ဗဟုသုတကို ပံ့ပိုးပေးထားတာပေါ့။ ပန်းချီကားတွေအများကြီးကို သုံးပြီး ဒီစာအုပ်လေးဖြစ်အောင် ဖန်တီးထားခဲ့ပါတယ်။

🦀ကဲ သမုဒ္ဒရာစွန့်စားခန်း ဝင်ဖို့ အဆင်သင့်ပဲလား။



Code: TS0098

tracker id: 0 (on) #41956