• Htx80pmahoyz3z4wg9nl Htx80pmahoyz3z4wg9nl

Lifree Adult Diaper Pant L(10 pcs)

11,200 Ks

Lifree တံဆိပ် Adult Diaper Pant L ဟာ ခါးဆိုက် ၂၉ မှ ၄၀ လက်မအထိ ဝတ်ဆင်နိုင်တဲ့ လူကြီးသုံး ဒိုင်ဘာဖြစ်ပါတယ်။ သာမန်ဒိုင်ဘာတွေထက် နှစ်ဆပိုဆွဲဆန့်နိုင်တဲ့ ခါးစည်းဖြစ်တဲ့အတွက်ကြောင့် ဝတ်ဆင်ရတာ သက်တောင့်သက်သာရှိစေပါတယ်။ ပုံမှန်အတွင်းခံ ဘောင်းဘီဝတ်သလို အလွယ်တကူ ဝတ်နိုင်၊ ချွတ်နိုင်လို့ သက်ကြီးရွယ်အိုများအတွက်လည်း အဆင်ပြေပါတယ်။ Anti Bacterial Gel ပါဝင်တဲ့အတွက်ကြောင့် ပိုးမွှားပေါက်ဖွားမှုကို ကာကွယ်ပေးပြီး အနံ့ဆိုးများကို လျော့ချပေးပါတယ်။ လေဝင်လေထွက်ကောင်းအောင် နူးညံ့တဲ့ အလွှာလေးတွေနဲ့ ပြုလုပ်ထားတာကြောင့် ဆီးပူလောင်မှာကိုလည်း စိုးရိမ်စရာ မလိုပါဘူး။ အရည်စုပ်ယူမှုအားကောင်းပြီး ဝတ်ဆင်ထားလျှင် အိကျ၊ လျော့ကျတာမျိုးကိုလည်း မဖြစ်စေပါဘူး။
အပြင်သွားလျှင်ဖြစ်စေ၊ လှုပ်ရှားသွားလာရင်းဖြစ်စေ ဆီး၊ ဝမ်းမထိန်းနိုင်သော လူကြီးများနှင့် သက်ကြီးရွယ်အိုများအတွက် အထူးသင့်လျော်ပါတယ်။

အသုံးပြုပုံ-

၁။ မဝတ်ခင် ဒိုင်ဘာကို လက်နှစ်ဖက်နဲ့ အရင်ဆွဲဆန့်ပေးပြီး အပြာရောင်ကြိုးပါတာကို နောက်တွင်ထားပါ။
၂။ ဒိုင်ဘာဘောင်းဘီ တစ်ဖက်တစ်ချက်ဆီသို့ ခြေထောက်တစ်ဖက်ဆီထည့်ပြီး ဒူးထိအရင်ဆွဲတင်ပါ။
၃။ ပြီးလျှင် ဒိုင်ဘာကို ခါးထိရောက်အောင် ဝတ်ဆင်ပါ။
၄။ ပြန်ချွတ်လျှင် ဒိုင်ဘာဘေးနှစ်ဖက်ချုပ်ရိုးကို ဖြဲလိုက်ရုံနဲ့ ချွတ်နိုင်ပါတယ်။

သတိပြုရန်
- ကိုယ်တိုင် သွားလာလှုပ်ရှားနိုင်သူများအတွက်သာ

-Lifree Adult Diaper Pant
-L Size (ခါးဆိုက် ၂၉ မှ ၄၀ လက်မအထိ) ဝတ်ဆင်နိုင်ခြင်း
-တစ်ထုပ်လျှင် အရေအတွက် ၁၀ ခု ပါဝင်ခြင်း
-450 cc ထိ စုပ်ယူနိုင်ခြင်း
-Anti Bacterial Gel ပါဝင်ခြင်း
-Made in Thailand (Japan Quality)



Code: 8851111611027

tracker id: 1 #8409