• Rvlbeplle05clorwfz44 Rvlbeplle05clorwfz44
  • Lhpk7rggdybazueqezws Lhpk7rggdybazueqezws
  • Ykhlaievmr8gzammebxc Ykhlaievmr8gzammebxc
  • Jgv9nzkdnwthllnthrzh Jgv9nzkdnwthllnthrzh
  • Se3pnoiacswksmjtcn3i Se3pnoiacswksmjtcn3i
  • Mlxuwcdjf8uc7z6y2o3l Mlxuwcdjf8uc7z6y2o3l
  • Ozc9fmcmp5nis9mtz0mo Ozc9fmcmp5nis9mtz0mo
  • Gqog9gpnyy9icntzamn7 Gqog9gpnyy9icntzamn7
  • R302w1yzui8ollpnhw3b R302w1yzui8ollpnhw3b
  • Ecxa5eqilst7bwdjsdai Ecxa5eqilst7bwdjsdai

Khay May Wrap Up Romper (1 pcs) S (0-6 mth) (6-12 mth) (12-18 mth) ခန့်မှန်း

8,900 Ks

🎙️Wrap Up Romper ဆိုတာ❓
🧸ဘောင်းဘီနဲ့အင်္ကျီတဆက်ထဲ လုံးစွပ်လေးတွေပါ။
👘 Wrap Up လို့ နံမည်ပေးထားသည့်အတိုင်း ဘေးကြိုးချည်ဒီဇိုင်းလေးဖြစ်မို့ မေမေတို့အသိများတဲ့ ဂျပန် ဆာမူရိုင်း Romper နဲ့လဲ အသွင်တူပါတယ်

🧵ပိတ်စသား
🧶ထိုင်းနိုင်ငံမှ အဓိက တင်သွင်းထားတဲ့ ယိုးဒယားချည်အစစ်နဲ့ ထုတ်လုပ်ထားပါတယ်။ 100% Thailand Cotton ပါ
🧶ထိုင်းချည်အစစ်ဖြစ်တဲ့အတွက်ကြောင့် ကလေးအသား ယားယံခြင်း၊ အိုက်စပ်ခြင်း၊ အရောင်ကျခြင်း၊ အရောင်လွင့်ခြင်းများ မဖြစ်စေရပါ
🧶အသားလဲအေးလို့ ကလေးတွေလဲ နေတယ်နော်။ မြန်မာရာသီဥတုတွေနဲ့ ကိုက်ညီအောင် ချည်သားအေးအေးလေးနဲ့ ချုပ်ထားပြီး လက်နဲ့ရော စက်နဲ့ပါ ကြိုက်သလိုလျှော်၊ အကြိမ်ပေါင်းများစွာလျှော်ပါ
🧶အရောင်ကျခြင်း၊ ဆေးကျွတ်ခြင်း၊ ယောင်းနွမ်းသွားခြင်း လုံးဝ လုံးဝမရှိပါရှင်
♥️ဝတ်ကြည့်လျှင် အလွန်ပင် သက်တောင့်သက်သာရှိသော ချည်စစ်စစ်ဖြစ်ပြီး သားသားမီးမီးတို့နဲ့ လိုက်ဖက်ညီသော အရုပ်ဒီဇိုင်းလေးများနဲ့သာ ထုတ်ပေးထားပါတယ်။ 🧸အရုပ်လေးတွေနဲ့ တအားချစ်ဖို့ကောင်းတာနော်

🪡ချုပ်ရိုးချုပ်သား
☑️ချည်ကျော်ခြင်း၊ ချည်ထွက်နေခြင်း၊ ချည်ချော်နေခြင်းများ မရှိပါ။ ချုပ်ရိုးချုပ်သား အလွန်ပင် သေသပ်လှပအောင် အသေးစိတ် ချုပ်လုပ်ပေးထားပါတယ်မေမေ
🇲🇲မြန်မာပြည်မှာ ထုတ်ထားတယ်လို့ မထင်ရလောက်အောင် နိုင်ငံတကာ အဆင့်အတန်းမှီ ချုပ်ထားပါတယ်
♥️ ရယ်ဒီမိတ် ကလေးအထည်အလား ချုပ်သား တအားသေသပ်တယ်နော်

🏵️ကြယ်သီး
🧸သားသားမီးမီးတို့နဲ့ အကိုက်အညီဆုံး နှိပ်ကြယ်သီး - ကော်ကြယ်သီးအမာကိုသာ အသုံးပြုထားပါတယ်
🧸မပြုန်းသော Korea ကြယ်သီးအမာအကောင်းစားကိုသာ အသုံးပြုထားတယ်နော်။ ကော်ကြယ်သီးမို့ မနာဘူး။ ကလေးလေးတွေ ကြိုက်သလောက် ဆော့ပါစေ၊ ကြယ်သီးတွေ မပြုတ်ထွက်ဘူးဆိုတာ အာမခံထားပါတယ်

⚡️ဒီဇိုင်း Pattern
💥Europe က ဒီဇိုင်နာနဲ့ ဒီဇိုင်းပေးပြီးဆွဲထားတာမို့ Khay May ရဲ့ unique ဒီဇိုင်းလေးတစ်ခုပါ
💥ရင်ဘတ်အထဲဖက်တွင် ကြိုးတစ်ကြိမ်ချည်ရပြီး အပြင်ဖက်တွင် နောက်ထပ်ကြိုးတစ်ကြိမ်ထပ်ချည်ရတဲ့ ပုံစံမျိုးလေးပါရှင်
💥ဒိုင်ဘာနေရာမှာ နှိပ်ကြယ်သီး သုံးလုံး ပါပါတယ်
ဒိုင်ဘာဝတ်ရအဆင်ပြေအောင်လဲ ကလေးဂွနေရာမှာ ကြယ်သီးတစ်ဖက်နှင့် တစ်ဖက် ဆက်ထားတဲ့ အပြားလေးခံထားပါတယ်
ဒိုင်ဘာနေရာလေး သီးသန့်ထည့်ထားပေးတယ်နော်

📦ထုတ်ပိုးမှု
🎁ခေးမေရဲ့ ထုံးစံအတိုင်း မြန်မာ့ရိုးရာထုတ်ကုန်များကို လက်ဆောင်ပေးလျှင် သေသပ်လှပစေရန်ရည်ရွယ်ပြီး ကျစ်ကျစ်လစ်လစ် သပ်သပ်ရပ်ရပ်လေး ရောင်းချလေ့ရှိပါတယ်
🎁Wrap Up Romper များကိုလဲ ပြန်သုံးရအဆင်ပြေစေသော Zip Bag ဒီဇိုင်းအိတ်များဖြင့် ချစ်စရာလေး ထုတ်ပိုးထားပါတယ်

🪡တံဆိပ်
သားသားမီးမီးတို့ရဲ့ နုနယ်သောအသားလေးတွေကို အနာတရမဖြစ်အောင် အင်္ကျီရဲ့ လည်ဂုတ်မှာ အသားတံဆိပ်ကို တခါထဲ အသေထည့်ကပ်ထားပါတယ်
⚡️ပိတ်စသားနဲ့ တပြေးထဲ မီးပူနဲ့ ကပ်ရိုက်ထားတာပါ။ ချုပ်ထားတာမဟုတ်ဘူးနော်မေမေ
♥️လုံးဝမနာဘူး

🪡Size
S (0 to 6 months)ခန့်မှန်း
M (6 to 12 months)ခန့်မှန်း
L (12 to 18 months)ခန့်မှန်း
ကလေးထွားရင် တစ်ဆိုဒ်တိုးယူပါ
အိတ်ခွံတွင် size chart ပါပါသည်
Size Chart သည် ကလေးကို တိုင်းရမှာဖြစ်ပါတယ်ရှင်



Code: KM019

tracker id: 0 (on) #22471