• Bv6ypabnbd8flki4zjsw Bv6ypabnbd8flki4zjsw

မေ့ရင်သေွး မဂ္ဂဇင်း Feb 2018

4,000 Ks

ဒီလ မဂ္ဂဇင်းကာဗာကိုတော့ အဆိုတော် အာဇာနည်တို့ မိသားစုရဲ့ ကြည်နူးစရာပုံရိပ်လေးတေွနဲ့ ရိုက်ကူးထားပါတယ်။
ဒီလမှာတော့ မေ့ရင်သေွးမှာ လစဉ်ဖော်ပြနေတဲ့
- မိဘမေတ္တာဖွဲ့ကဗျာများ၊
- ကလေးတေွကိုယ်တိုင် ရွတ်ဆိုနိုင်တဲ့ ကလေးကဗျာများ၊
- ကလေးတေွကိုယ်တိုင် ဖန်တီးနိုင်တဲ့ ကစားနည်းများ၊
- ပုံရေးဆွဲနည်း၊ ဆေးရောင်စုံခြယ်နည်း၊
- ရုပ်ပုံတစ်ပုံရအောင် ဆက်ရတဲ့ sticker game တေွ၊
- ကလေးတေွအတွက် ဗဟုသုတရစေမယ့်အရာတေွ၊
- ကျူးလစ်ပန်းနဲ့ အသဲပုံ စက္ကူခေါက်နည်းလေးတေွပါ ဖော်ပြပေးထားပါတယ်။
ကိုယ်ဝန်ဆောင်မိခင်များအတွက် -
- သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး ဒေါက်တာသဇင်ညွှန့်ရဲ့ မိန်းကလေးတေွ ဓမ္မတာလာတဲ့အခါ မီးယပ်ကိုက်ခဲခြင်းအကြာင်း၊
- ဒေါက်တာနှင်းရည်ဦးပြောပြတဲ့ မမေွးဖွားခင်မှာ ကြုံရတတ်တဲ့ ကိုယ်ဝန်ဆိပ်တက်ခြင်းအကြောင်းတေွကို စုံစုံလင်လင် ဖတ်ရှုရမှာ ဖြစ်ပါတယ်။
- ကိုယ်ဝန်ဆောင်မိခင်တေွ မေွးဖွားရလွယ်ကူစေဖို့အတွက် လေ့ကျင့်ခန်းပြုလုပ်နည်း
- မေွးဖွားပြီးချိန်မှာ ကျန်းမာလှပစေဖို့ လေ့ကျင့်ခန်း

ကလေးငယ်များအတွက် ကျန်းမာရေး
- ကလေးတေွကို အစာဘယ်လိုကျေွးရမလဲ ပြဿနာများ အပိုင်း (၄) - ဒေါက်တာအိအိခင်(ကလေး)
- ဝလည်း ဝစေချင်၊ လှလည်းလှစေချင် (၂) -ဒေါက်တာယုဇနစောမြင့်တို့ရဲ့ အကြံပြုချက်တေွဖတ်ပြီး
ကလေးတေွ အစာမစားလို့ စိတ်ညစ်နေတဲ့ မေမေတို့အတွက် အရမ်းကို အထောက်အကူပြုနိုင်မှာပါ။
- မကြာခဏ ဝမ်းချုပ်တတ်တဲ့ ကလေးငယ်တေွအတွက် ဆောင်သင့်၊ ရေှာင်သင့်တာတေွကို ဒေါက်တာကျော်ဇင်ဝေက ပြောပြပေးထားသလို
- မိမိရဲ့ ရင်သေွးငယ်တေွ လအလိုက်ဖွံ့ဖြိုးတိုးတက်မှု ရှိ၊ မရှိကို မေမေတို့ မှတ်ရ၊ နားလည်လွယ်အောင် ဒေါက်တာမြသီတာက ဇယားနဲ့ သေချာရှင်းပြထားပါတယ်။ အဲဒီဇယားကိုကြည့်ပြီး မိမိ ကလေး ဖွံ့ဖြိုးတိုးတက်မှုရှိမရှိဆိုတာကို မေမေတို့ လေ့လာနိုင်မှာ ဖြစ်ပါတယ်။
- ဒေါက်တာစောယုနွယ်ရဲ့ (၇)ရက်သားသမီးများအတွက် ကံကြမ္မာဟောစာတမ်းနှင့် ရင်သေွးငယ်မေွးဖွားရက် နေ့ကောင်းရက်သာများ ပါ၀င်ပါတယ်။
ဒီမဂ္ဂဇင်းကနေ ကျန်းမာရေးနဲ့ပတ်သက်ပြီးလည်း မိမိသိလိုရာတေွကို ဆရာဝန်ကြီးများကို မေးမြန်းနိုင်ပါတယ်။
မေ့ရင်သေွး မဂ္ဂဇင်းဟာ ကိုယ်ဝန်ဆောင်မိခင်တေွအတွက်၊ ကလေးငယ်တေွအတွက် ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဆရာဝန်ကြီးများ ကိုယ်တိုင် အသေးစိတ် ပြောပြ၊ ရှင်းပြထားတာကြောင့် မိဘများ ဝယ်ယူဖတ်ရှုသင့်တဲ့ မဂ္ဂဇင်းဖြစ်ပါတယ်။



Code: 201802

tracker id: 8 #5294