• Nnv6hbuyy6ymdatytlwe Nnv6hbuyy6ymdatytlwe

Elefbebe Breast Milk Collector

14,000 Ks

Unicode

Breast Milk Collector
Brand: Elefbee
Model: BP-M16
Price : 14,000 Kyats

နို့ထွက်အား အရမ်းကောင်းတဲ့ သားကောင်းမိခင် မေမေတို့ရဲ့ နို့ရည်များအလိုအလျောက်လျှံထွက်ပြီး ကရိကထများနေရတဲ့ ပြဿနာအတွက် Elefbee ရဲ့ Breast Milk Collector လေးဟာ မေမေတို့ကြုံတွေ့နေရတဲ့ ပြဿနာကိုအကောင်းဆုံး ဖြေရှင်းပေးလိုက်ပါပြီနော်။
Breast Milk Collector လေးကို အရည်သွေးမြင့် Silicon နဲ့ Food Grade Plastic(PP) များကို
သုံးစွဲပြီး
လေဝင်လေထွက် အကောင်းဆုံး ဒီဇိုင်းနဲ့ ဖန်တီးထားလို့ ရင်သားပူလောင်မှု၊ ဓါတ်မတည့်မှုတွေ မရှိသလောက်နည်းပါးပြီး အေးမြကာ သဘာဝနေထိုင်မှုအတိုင်း ခံစားရမှာဖြစ်ပါတယ်။
Collector တစ်ဗူးမှာ (၂)ခုပါဝင်လို့ (၂)ဘက်လုံးမှာ တပြိုင်ထဲ တပ်ဆင်နိုင်သလို နို့တိုက်နေချိန်လွတ်လပ်စွာ နေထိုင်ချင်တဲ့ မေမေတို့အတွက်လည်း Bra Free အနေနဲ့ ဝတ်ဆင်လို့ရပါသေးတယ်။
နို့သီးခေါင်း နာကျင်ပြီး သွေးထွက်တဲ့ ဒဏ်ရာရှိနေတဲ့ မေမေတို့အတွက် အထူးကောင်းမွန်တာက ရင်စည်းအတွင်းခံနဲ့ ပွတ်တိုက်မိလို့ ဒဏ်ရာပိုးဆိုးတာ၊ နာကျင်တာ၊ ပိုးဝင်တာမျိုးတွေမရှိဘဲ Collector တပ်ဆင်ထားရင်တော့ နို့သီးခေါင်းဟာပွတ်တိုက်မှုတွေမရှိဘဲ လွတ်လပ်စွာရှိနေလို့ နာကျင်မှုသာမက ကလေးငယ်နို့ချို စုပ်ယူသောက်သုံးဖို့ သင့်တော်တဲ့ နို့သီးခေါင်းဖြစ်လာစေရန် ဖွံ့ဖြိုးမှုကိုလည်း အားပေးကူညီပါတယ်။
Breast Nursing Pad တွေထက် Breast Milk Collector လေးအားသာချက်က Nursing Pad များဟာ နို့ရည်ထွက်ရှိမှု အရမ်းများလာရင် မစုပ်ယူနိုင်တော့ဘဲ လျံထွက်ကျလာတတ်ပြီး Collector လေးကတော့ အရည်ပမာဏတော်တော်များများကိုသိမ်းဆည်းပေးထားနိုင်ပါတယ်။ အားအသာဆုံးကတော့ ပိုလျံနို့ရည်တွေကို Collector အတွင်းမှပြန်လည်ရယူပြီး ရင်သွေးငယ်ကို တိုက်ကျွေးနိုင်လို့ တန်ဖိုးရှိလှတဲ့ မိခင်နို့ရည်တွေ အလဟဿမဖြစ်တော့ပါဘူး။ အကြိမ်ကြိမ်ဆေးကြောပြီး ပြန်လည်သုံးစွဲနိုင်မှုကလည်း
မေမေတို့ရဲ့ ကုန်ကျစရိတ်ကို လျှော့ချပေးနိုင်တဲ့ အကောင်းဆုံးအချက်တစ်ခုဖြစ်ပါတယ်။
Collector လေးမှာ နို့ရည်တွေ အလွယ်တကူရွှေ့ပြောင်းနိုင်ဖို့ အပေါက်ပါရှိတာဖြစ်လို့ မည်သည့် နို့ရည်စုဆောင်းဗူး၊ နို့ဗူးထဲထည့်ထည့် ဖိတ်စင်မှုမရှိဘဲ အလွယ်တကူ ပြောင်းလဲနိုင်ပါတယ်။



Code: OKC33257

tracker id: 0 (on) #33257