DG 2 တံဆိပ် ဆိတ်နို့မှုန့်ကို နယူးဇီလန်နိုင်ငံမှ ထုတ်လုပ်ထားတာဖြစ်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၂၇ နိုင်ငံတွင် ဖြန့်ဖြူးရောင်းချလျက်ရှိပါတယ်။ အရည်အသွေးကောင်းမွန်မှုကြောင့် နယူးဇီလန် အစိုးရမှချီးမြှင့်သည့် Silver Fern Symbol ဆုကိုလည်း ရရှိထားတဲ့အတွက် ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ပါတယ်။ DG 2 ဆိတ်နို့မှုန့် step 2 ကို ကလေးငယ်အသက် ၆လမှစပြီး ၃ နှစ်အရွယ်အထိ တိုက်ကျွေးနိုင်ပါတယ်။ မိခင်နို့နဲ့ အနီးစပ်ဆုံးဖြစ်တဲ့ ဆိတ်နို့ကို အခြေခံပြီး ထုတ်လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့် နွားနို့အခြေခံပြီး ထုတ်လုပ်ထားတဲ့ နို့မှုန့်တွေထက် ပိုမိုနူးညံ့ပြီး အူလမ်းကြောင်းတစ်လျှောက် အစာခြေဖျက်မှု ပိုမိုလွယ်ကူစေတဲ့အတွက် ကလေးငယ်တွေမှာ ဖြစ်တတ်တဲ့ ဝမ်းချုပ်တာ၊ ဝမ်းပျက်၊ ဝမ်းလျှောတာတွေကို လျော့ချပေးပါတယ်။
DG 2 ဆိတ်နို့မှုန့်မှာ သာမန်နို့မုန့်တွေထက် ကယ်လ်ဆီယမ်ဓာတ် (၁၃) ရာခိုင်နှုန်း ပိုမိုပါဝင်တာကြောင့် ကလေးတွေရဲ့ အရိုးနှင့်သွားများကို ပိုမိုကျန်းမာကြံ့ခိုင်စေပြီး အရပ်ရှည်မှုအတွက် အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ ကလေးတွေရဲ့ ဉာဏ်ရည်နှင့် ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးတိုးတက်မှု၊ အမြင်အာရုံနှင့် ကိုယ်ခံအားစနစ် ပိုမိုကောင်းမွန်စေမှုတွေအတွက် အဓိကရေးပါပြီး မရှိမဖြစ်လိုအပ်တဲ့ DHA, Omega 3,6,9 နှင့် အခြားသော ဗီတာမင်နှင့် သတ္တုဓါတ် များစွာပါဝင်လို့ ထူးချွန်ထက်မြက်တဲ့ သားသားမီးမီးလေးတွေအတွက်ဆိုရင် DG 2 ဆိတ်နို့က အသင့်တော်ဆုံးဖြစ်ပါတယ်။
ဖျော်စပ်ပုံ - (နို့မှုန့်ဗူးတွင်ပါဝင်သော ဇွန်းဖြင့်သာ ချိန်တွယ်အသုံးပြုရပါမည်။)
အသက် (၆)လ -(၁၂)လ - ၄ ကြိမ် - ၂၄၀ မီလီလီတာ (၈ဇွန်း)
အသက် (၁၂) လအထက် - ၃ ကြိမ်နှင့်အထက် ၂၄၀ မီလီလီတာ (၈ဇွန်း)
(ကလေးတစ်ယောက်နှင့် တစ်ယောက် စားသောက်မှုပမာဏမတူညီသည့်အတွက် အကြိမ်အရေအတွက် အနည်းအများရှိ၍ ကျန်းမာရေးဝန်ထမ်းနှင့် တိုင်ပင်နိုင်ပါတယ်။)
သတိပြုရန်
- မိခင်နို့မတိုက်ကျွေးသော ကလေးအတွက်သာ အသုံးပြုရန်ဖြစ်ပါတယ်။
- လျော်ကန်စွာအသုံးမပြုပါက ကျန်းမာရေး အန္တရယ် ရှိနိုင်ပါတယ်။
- ဗူးအားဖွင့်ပြီး (၃) ပတ် အတွင်း အသုံးပြုရန်။
- နို့မှုန့်အားဖျော်ပြီး (၁) နာရီကြာသွားလျှင် ပိုနေသောနို့ရည်အား စွန့်ပစ်ရန်။
- DG 2 Goat Milk
- ကယ်လ်ဆီယမ်ဓာတ် (၁၃) ရာခိုင်နှုန်း ပိုမိုပါဝင်ခြင်း
- ကလေး (၆)လ မှ (၃)နှစ်
- 800 g
- Made in New Zealand
Code: 9421025232473
tracker id: 0 (on) #11394