• Uakhrtadbepimp0cmz2l Uakhrtadbepimp0cmz2l
  • Gklaeprhl0gob8jnmrwp Gklaeprhl0gob8jnmrwp
  • Rb9wd6und1x7eurnnxed Rb9wd6und1x7eurnnxed
  • Pbp173r1lhtnzcob2c21 Pbp173r1lhtnzcob2c21
  • Hzpfs49vjzwtfl2vfruq Hzpfs49vjzwtfl2vfruq

Bioderma Photoderm Aquafluide Light SPF50+ - 40 ML ((Sunscreen, UVA, UVB Protector)

61,500 Ks

"
UVA/UVB မှ မြင့်မားစွာ ကာကွယ်ပေးသော ရေလိုပေါ့ပါးသောအထိအတွေ့နှင့် နေကာခရင်မ် (အသားရောင်) ( ထိခိုက်လွယ်အသားရေ နှင့် အသားရေအားလုံးအတွက်)
အသားအရေအမျိုးမျိုး နှင့်ထိခိုက်လွယ်အသားရေများအတွက် အသုံးပြုနိုင်ပါသည်။ ရေစိုခံသည်၊ အပူဒဏ်နှင့် မြင့်မားသောစိုထိုင်းဆများကို ခံနိုင်သည်။ အဆီမပြန်၊ လိမ်းပြီးချင်းချင်း ခြောက်သွေ့သွားပြီး ရေကဲ့သို့ပေါ့ပါးသော နေလောင်ကာခရင်မ် ဖြစ်ပါသည်။ အရေပြား၏ သဘာဝခုခံကာကွယ်မှုစနစ်ကို လှုံ့ဆော်ပေးပြီး ဆဲလ်များ ထိခိုက်ပျက်စီးခြင်းကို ကာကွယ်ပေးပါသည်။ စုပ်ယူမှုအားကောင်းသော ပေါင်ဒါမှုန့် (၃) မျိုးက အသားအရေကို အဆီမပြန်စေဘဲ သိပ်သိပ်လေးဖြင့် ကြည့်ကောင်းစေပါသည်။ အရောင်သုံးရောင်ရှိသည့် အတွက် မိမိ အသားအရေ နှင့်လိုက်ဖက်သော အရောင်ကို ရွေးချယ်နိုင်ပါသည်။

အစိုဓာတ်ထိန်းခရင်မ် လိမ်းပြီးနောက် (သို့မဟုတ်) အစိုဓာတ်ထိန်းခရင်မ် မလိမ်းဘဲ Photoderm Aquafluide Light တစ်ခုတည်း လိမ်းပေးနိုင်ပါသည်။ မျက်လုံးနှင့် နှုတ်ခမ်းတဝိုက်ကို ရှောင်ပြီး လိမ်းပေးပါ။ မွှေးရနံ့ နှင့် Paraben တို့မပါဝင်ပါ။ ချွေးပေါက်မပိတ်စေပါ။ ဓာတ်မတည့်မှုဖြစ်နိုင်ချေနည်းပါးပါသည်။

အသုံးပြုပုံ


နေရောင်ခြည်နှင့်မထိတွေ့ခင် လိမ်းပေးပါ၊ အာနိသင် ထိရောက်မှုရှိစေရန် (၂) နာရီခြားတစ်ခါ လိမ်းပေးလျှင် ပိုကောင်းပါသည်။ တခြား Skincare များနှင့် အသုံးပြုမည်ဆိုပါက Moisturizer အဆင့်ပြီးနောက် Photoderm Aquafluide Light နေကာခရင်မ်ကို လိမ်းပေးနိုင်ပါသည်။

အဆင့် (1) နေရောင်ထဲမသွားခင်တွင် များပြား ညီညာစွာလိမ်းပေးပါ။ (ပမာဏ နည်းလျှင် ကာကွယ်မှုနှုန်းနည်းမည်)

အဆင့် (2) ရေကူးခြင်း၊ အားကစားပြုလုပ်ခြင်းများ မလုပ်မီနှင့် လုပ်ပြီးတိုင်း မကြာခဏ ပြန်လိမ်းပါ။

* ကျန်းမာသောအရေပြားပေါ်တွင်သာ လိမ်းရမည်။ အဝတ်များနှင့်ပွတ်တိုက်မိပါက နေကာခရင်မ် ပြန်လိမ်းပေးပါ။ "



Code: 3701129807392

tracker id: 0 (on) #37891