• Tvxsh6naihsye5oelry5 Tvxsh6naihsye5oelry5

ကြာစွယ်မှုန့် ( 500 g )

7,500 Ks

ကြာစွယ်မှုန့်
( 500 g )

အကြိုက်များတဲ့ လက်ဟောင်း ပန်းရောင်ဘူး အစေ့အဆံအစုံပါတာလေးပါနော်။

ကြာစွယ်မှုန့်က.....
- ဝိတ်မတက်စေလို့ gym ဆော့နေတဲ့သူတွေ၊ ဝိတ်လျှော့နေသူတွေအတွက် သင့်တော်ပါတယ်။
- အပူငြိမ်း၊ ဝမ်းအေး၊ သွေးလည်ပတ်မှုကောင်းစေပါတယ်။
- အစာအိမ်နဲ့ အူလမ်းကြောင်းပါမက ကျန်းမာရေးအတွက် အထူးကောင်းမွန်ပြီး အာဟာရဖြစ်စေပါတယ်
- လူကြီးတွေ၊ ကလေးငယ်တွေ (3နှစ်အထက်) နဲ့ အစားအသောက်ပျက်သူတွေ သုံးဆောင်နိုင်ပါတယ်။

"ကြာစွယ်မှုန့်" ဆိုတာ တရုတ်လူမျိုးတို့က ကြာစွယ်ကြာရိုးများကို ရိုးရာဆေးဝါး၊ ဟင်းချက်၊ အချိုပွဲ အမျိုးမျိုး ပြုလုပ် သုံးဆောင်ရာကနေ စတင် ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။ သူ့မှာ အချွဲဓာတ်၊ Vitamin C ၊ ကယ်လ်စီယမ်နဲ့ ပရိုတိန်းတို့ ကြွယ်ဝစွာ ပါဝင်ပါတယ်။

သက်သက်လွတ်သမားဆိုလဲ အဆင်ပြေပါတယ်။ အစေ့အဆံလေးတွေ ပါဝင်တာမို့ စပျစ်သီးခြောက်လို အစေ့အဆံမျိုးတွေရဲ့ သဘာဝ အချိုဓာတ်လေးတော့ ပါဝင်ပါတယ်။ ကြာစွယ်မှုန့်အနေနဲ့ကတော့ အရမ်းမချိုပါဘူး၊ စေးတော့စေးပါတယ်နော်

တစ်ခါသောက်အတွက်ဆို ကြာစွယ်မှုန့်ကို လေးငါးဇွန်းလောက် ရေနွေးပွက်ပွက်ဆူတဲ့အထဲကိုထည့်ပြီး ခဏထားရပါမယ်။ ပြီးရင် သွက်သွက်လေး ဇွန်းလေးနဲ့ မွှေပေးရပါမယ်နော်။ နည်းနည်းကြာကြာလေးမွှေပြီး ပျစ်လာပြီဆို သုံးဆောင်လို့ ရပါပြီနော်
Crd:



Code: HT36323

tracker id: 0 (on) #36323