အားဖြည့်ဆန် နဲ့ သမားရိုးကျဆန် ဘာကွာခြားလဲ ?
အားဖြည့်ဆန်ဟာ စပါးကို ကြိတ်ခွဲချိန်မှာ ဆုံးရှုံးသွားတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေအပြင် နေ့စဉ်လိုအပ်တဲ့ ဗီတာမင်တွေကိုပါ ထပ်ပေါင်း ဖြည့်စွတ်ထားတာမို့ သမားရိုးကျ ဆန်ထက် အာဟာရတန်ဖိုးများ ပိုမိုပါဝင်ပါတယ်ရှင့်။
အသက် (၆)လအရွယ်ကလေးမှစ ဘိုးဘိုး ဘွားဘွားတို့အရွယ်တွေအတွက်ပါ သင့်တော်ပါတယ်....
အားဖြည့်ဆန်ဆိုတာ .. သဘာ၀တိုင်း စိုက်ပျိုးထုတ်လုပ်ထားသော ဆန်အား ဗီတာမင်နှင့် သတ္တုဓာတ် (၈) မျိုး ဖြည့်စွက်ထားတဲ့ အားဖြည့်ဆန်စေ့လေးတွေကို ၁:၉၉ အချိုးကျ ပြန်လည် ရောစပ်ထားတာပါ။ 🌾
အားဖြည့်ဆန်ဟာ အရောင်၊ အဆင်း၊ အနံ့၊ အရသာ ပြောင်းလဲခြင်းမရှိဘဲ၊ သာမန်ဆန်များထက် အာဟာရတန်ဖိုး (အဏုအဟာရ) ပိုမို ပါရှိပါတယ်။ ချက်ပြုတ်မှုပုံစံ လုံး၀ပြောင်းစရာမလိုဘဲ၊ ရိုးရိုးဆန်အတိုင်း ချက်ပြုတ်စားသုံးနိုင်ပါသည်။
🍚 အာဖြည့်ဆန်မှာဆိုရင် ဗီတာမင် အေ၊ ဗီတာမင် ဘီ-၁၊ ဗီတာမင် ဘီ-၃၊ ဗီတာမင် ဘီ-၆၊ ဗီတာမင် ဘီ-၁၂၊ ဖောလစ်အက်ဆစ်၊ သံဓာတ် နှင့် ဇင့်ဓာတ် စုစုပေါင်း အာဟာရ (၈) မျိုးပါဝင်တာကြောင့် မိသားစုကျန်းမာရေးအတွက်စိတ်ချထားလို့ရပြီနော််
Code: BC54225
tracker id: 0 (on) #54225