• Yzd9izdjl87cudqf4jj0 Yzd9izdjl87cudqf4jj0

နတ်‌ပေါက်စီရဲ့ သက်ရှည်‌ဆေး

3,500 Ks

ဒီတစ်ခေါက်မိတ်ဆက်ပေးမယ့် ဇာတ်ကောင်ကလေးကတော့ ကလေးတွေကို ကျန်းမာသန်စွမ်းစေချင်တဲ့ နတ်ပေါက်စီ ပဲ ဖြစ်ပါတယ်😍။

ကလေးတွေအများကြီးရှိတဲ့ ဒူဝေဝေရွာနားက တောအုပ်ထဲမှာ နတ်သားလေး နတ်ပေါက်စီ နေပါတယ်။ ကလေးတွေချစ်ကြတဲ့ နတ်သားလေးပါ ခင်ဗျ။ နတ်ပေါက်စီဟာ ပျော်ပျော်နေတတ်တယ်။ ရွှေရောင်ခေါင်းဆောင်းကလေး ဆောင်းတယ်။ အဲ…နတ်သားတော့ နတ်သား အင်္ကျီမဝတ်တဲ့ နတ်သားကလေးပါ။ နတ်ချောနတ်လှ နတ်ပေါက်စီကလေးပါပေါ့😊။ ကလေးတွေကိုလည်း နတ်ပေါက်စီက အရမ်းချစ်ပါတယ်။

နတ်သားလေးဆိုပေမယ့် နတ်ပေါက်စီမှာလည်း ခေါင်းတောက်စရာပြဿနာတစ်ခုကြုံလာပါပြီ🤔။ ဒူဝေဝေရွာမှာ ကူးစက် ရောဂါကြီး ဖြစ်လာတာကြောင့်ပါဗျား။ သူတစ်ယောက်တည်းအားနဲ့လည်း မတတ်နိုင်တာမို့ နတ်ပေါက်စီကလေး ဘယ်လိုကြိုးစားအားထုတ်မလဲဆိုတာ “နတ်ပေါက်စီရဲ့သက်ရှည်ဆေး” စာအုပ်လေးထဲမှာ ဖတ်ရှုနိုင်ပါတယ်။

ကူးစက်ရောဂါတွေအကြောင်း ကလေးတွေကို ပြောပြချင်ရင်တော့ နတ်ပေါက်စီ စာအုပ်ကလေးက အသုံးတည့်တယ်ဗျို့



Code: TS0076

tracker id: 0 (on) #13514