• Pxtmcyadqlep9wptd2vi Pxtmcyadqlep9wptd2vi
  • Cc4g6sc8ieb9ihb4gyrd Cc4g6sc8ieb9ihb4gyrd
  • Cozfbifjxwpctwkmnh7x Cozfbifjxwpctwkmnh7x
  • Puqwrgozieojuhg0pjse Puqwrgozieojuhg0pjse

Vocabulary Wheel (A to Z)

6,500 Ks

- မေမေတို့ရှာနေတဲ့ educational toys ဆိုတာ ဒီလိုမျိုးလေးလားဟင်🥰🥰

ကစားရင်းနဲ့ စာသင်မယ် 🤓
Vocab လေးတေွလေ့လာမယ် 🥰
Word search activity book လေးနဲ့ ပြန်လေ့ကျင့်မယ် ဘာလိုသေးလဲနော် 💕💕

KG , Grade 1 & Grade 2 အတွက် လိုအပ်တဲ့ သင်ရိုးသစ် အင်္ဂလိပ် textbook မှာပါဝင်တဲ့ vocabulary တေွကို wheels လေးတေွနဲ့ "ကစားခြင်းမှ သင်ယူခြင်းဆီသို့ " ဆိုတဲ့ ပုံစံလေးနဲ့ ဖန်တီး ပေးထားပါတယ်

ယခုလက်ရှိသင်ရိုးသစ် အင်္ဂလိပ်စာနဲ့ပတ်သတ်ပြီး ကလေးငယ်လေးတေွအတွက် မေမေနဲ့ trတေွ အမြဲမေးတတ်တာက

♦️vocabularyတေွ က အလွတ်ကျက်ခိုင်းရမှာလား?
♦️ မြန်မာလို Meaning ပေးပြီးသင်ရမှာလား?
♦️ အင်္ဂလိပ် ဝေါဟာရတေွကို မြန်မာလို ကဗျာ မျိုးတေွနဲ့ တွဲကျက်နေတာမျိုးလည်း သဘောမကျလို့ ဘယ်လိုလုပ်ရမလဲ?
♦️Meaning မကျက်ခိုင်းရဘူး ဆိုရင် သင်ပြီးသားတေွ မမေ့အောင် ဘယ်လိုပြန်လေ့ကျင့်ပေးရမလဲ?
♦️ကလေးက အရာဝတ္ထု တစ်ခုခုကို မြင်တာနဲ့ အင်္ဂလိပ်လိုတန်းပြောတတ်အောင်ဘယ်လိုလေ့ကျင့်ပေးရမလဲ?
စတာတေွ မေးလေ့ရှိပါတယ်။

❗️English သင်ရိုးသစ်ရည်ရွယ်ချက်မှာ meaning ပေးပြီး vocab ကျက်စေတာမျိုးထက် visual aids တေွရဲ့အကူအညီသုံးပြီး မြင်လိုက်တာနဲ့ ဘာစာလုံးလည်း တန်းပြောနိုင်ဖို့ ရည်ရွယ်ပါတယ်

🍎🍎 apple = ပန်းသီး လို့ အော်ကျက်နေမယ့် အစား ပန်းသီးအစစ်ကိုပြပြီး (သို့) ပန်းသီးပုံကိုပြပြီး apple လို့ သင်ယူစေတာမျိုးပါ

❗️သင်ပြီးသားတေွ မမေ့အောင်ဆိုရင် ခုနပြောတဲ့ visual aids (သို့) တကယ့် ပစ္စည်းစစ်လေးတေွ ပြပြီး မကြာခဏ မေးရင်း မှတ်မိနေစေဖို့လိုပါတယ် ဒါမှလည်းသင်ထားတဲ့ စာလုံးတေွ မမေ့သွားဘဲမှတ်မိနေစေမှာပါ

❗️အဲ့လိုမြင်တာနဲ့ တန်းပြောနိုင်အောင်လေ့ကျင့်ပေးထားခြင်းဟာ နောက်ပိုင်းမှာ ကလေးရဲ့ speaking skill လေ့ကျင့်ရာမှာလည်း အရမ်းအထောက်အကူပြုနိုင်ပါလိမ့်မယ်

☝️☝️☝️ဒီအချက်တေွပေါ်မှာအခြေခံပြီး
" ပျော်ပျော်ရွှင်ရွှင် vocab သင်” vocabulary wheels လေးကို ထုတ်ဝေဖြစ်တာပါ
ကစားရင်းနဲ့ သင်မှန်းမသိ သင်ယူနေရင်း မှတ်မိသွားစေမှာပါ😇😇

သင်ပြီးသားvocab လေးတေွ မမေ့အောင် နဲ့ practice ပြန်လုပ်နိုင်ဖို့ ရည်ရွယ်ပြီး Word search activities book (26 pages) လေးကိုလည်း ထည့်ပေးထားပါတယ် 👍👍

ကလေးငယ်လေးတေွ သင်ကြားရေးမှာ ပျော်ရွှင်စွာ သင်ယူတတ်မြောက်နိုင်မယ်ဆိုရင် မေမေတေွလည်း စိတ်ချမ်းသာရပြီပေါ့နော်



Code: HMG005

tracker id: 10 #10366