Two Babies သုံးထပ်ဗိုက်စည်းဟာ ကိုယ်ဝန်ဆောင်ကာလနဲ့ ကလေးမီးဖွားပြီးတဲ့အခါ မိခင် တွေရဲ့ ပြောင်းလဲလျော့ရဲသွားတတ်တဲ့ ခန္ဓာကိုယ် ကောက်ကြောင်းတွေကို ပြန်လည်လှပလာဖို့ သီးသန့် ဒီဇိုင်းဆွဲ ထုတ်လုပ်ထားတဲ့ 3-Pieces Shaping Belly Brand ဗိုက်စည်းဖြစ်ပါတယ်။ အာရှနိုင်ငံတွေသာမက အနောက်နိုင်ငံတွေမှာပါ သုံးစွဲတဲ့ မိခင်အများစုရဲ့ ကြိုက်နှစ်သက်မှုကို ရရှိထားတဲ့ ဗိုက်စည်း ဒီဇိုင်းဖြစ်ပါတယ်။
Polyester Fiber နဲ့ Elestic Fiber တို့ အချိုးကျ ပေါင်းစပ် ထုတ်လုပ်ထားပြီး ရင်သားအောက်မှ ဆီးစပ်အထိ စည်းပေးထားတာမို့ ဝမ်းဗိုက်ကို လျင်လျင်မြန်မြန် ချပ်ရပ်စေပါတယ်။ သားအိမ်ကို အမြန်ဝပ်စေလို့ သားဖွားမီးယပ်ဆရာဝန်တွေကပါ သုံးစွဲဖို့ကို Recommend ပေးကြပြီး ခွဲမွေးတဲ့ မေမေတွေအတွက် အသင့်တော်ဆုံးဗိုက်စည်း ဖြစ်ပါတယ်။ ချုပ်ရိုးပေါ်ကို ဖိပြီး အပြားလိုက် တင်းတင်းလေး ပတ်ထားပေးရတာကြောင့် ဗိုက်သားကို တင်းတင်းလေးဖြစ်စေပြီး လှုပ်လိုက်တိုင်း ချုပ်ရိုးနာတာမျိုး မဖြစ်တော့ဘဲ အထိုင်အထ အသွားအလာ သက်သောင့် သက်သာ ဖြစ်စေပါတယ်။
ကပ်ခွါပုံစံဖြစ်တာကြောင့်လည်း ဝတ်ဆင်ရတာ လူပိုမလို ၊ အလုပ်မရှုပ်ပါဘူး။ ဝတ်ဆင်သူ ကိုယ်တိုင် စည်းနိုင် ဖြုတ်နိုင်ပြီး ကပ်ခွါသားကိုလည်း Quality အကောင်းဆုံး အသုံးပြုထားတာကြောင့် ဖွာခြင်း၊ အမျှင်ထွက်ခြင်းတွေ မဖြစ်စေဘဲ ရေရှည် အသုံးခံပါတယ်။ အသုံးပြုနေစဉ်မှာ ခေါက်သွားတာ၊ လိပ်တက်သွားတာမျိုးတွေလည်း မဖြစ်စေပါဘူး။
- မိခင်များအတွက် သီးသန့် ထုတ်လုပ်ထားတဲ့ ပစ္စည်းလေး ဖြစ်ပြီး ကိုယ်ဝန်ဆောင်ကာလမှာလည်း ဗိုက်ထိန်းအဖြစ်သုံးလို့ရပါတယ်။ ဗိုက်စည်း သုံးခုထဲမှ အသေးဆုံး Pelvic Belt လေးကို ဗိုက်အောက်မှာ ပင့်တင်ထားပေးမယ်ဆိုရင် ကိုယ်ဝန်ဆောင်ကာလမှာ ဗိုက်လေးလံတာ၊ ဗိုက်လှုပ်ရမ်းတာနဲ့ ခါးနာတာတွေကို သက်သာ အဆင်ပြေစေပါတယ်။
အသုံးပြုပုံ
အချိန်(၃) လကြာ တစ်နေ့ကို (၅) နာရီ ပုံမှန် စည်းပေးပါ။
သတိပြုရန်
မနက်စာ၊ နေ့လည်စာ၊ ညစာ လိုမျိုး Heavy meal တွေ စားတဲ့ အခါမှာတော့ ဗိုက်စည်းလေးချွတ်ထားပြီး နာရီဝက်လောက်နေမှ စနစ်တကျ ပြန်ဝတ်ပါ။
ဗိုက်စည်းကို တစ်ညလုံးစည်းပြီး အိပ်စက်တာမျိုး မလုပ်သင့်ပါ။
တစ်နေ့တာ အထိရောက်ဆုံးနဲ့ အကောင်းဆုံး ဗိုက်စည်း အသုံးပြုချိန်မှာ ၅ - ၈ နာရီ အတွင်း ဖြစ်ပါတယ်။
Size - XL
- ကိုယ်ဝန် (၇) လ (၈)လ -145lb -165lb
- မွေးဖွားခါနီးပေါင်ချိန် - 165lb -180lb
- မွေးဖွားပြီး ဗိုက်အတိုင်းအတာ - 94cm - 104cm
- မွေးဖွားပြီး ပေါင်ချိန် -155lb- 175lb
- Two Babies ၃ထပ်ဗိုက်စည်း
- မွေးဖွားပြီး ၄၈ နာရီအတွင်း စတင် အသုံးပြုနိုင်ခြင်း
- ချုပ်ရိုးအနာကို သက်သာစေပြီး သားအိမ်ကိုလည်း ဝပ်စေခြင်း
- မိမိကိုယ်တိုင် အလွယ်တကူ ဝတ်ဆင်နိုင်ခြင်း
- ရိုးရိုးမွေး/ ခွဲမွေး မီဖွားပြီးခါစ မိခင်များသာမက မွေးဖွားပြီး နှစ်ရှည်ကြာသောမိခင်များပါ ခန္ဓာကိုယ်ကောက်ကြောင်းလှပစေရန်အတွက်လည်း အသုံးပြုနိုင်ခြင်း
- ကလေးမွေးဖွားပြီး မိခင်၏ ခန္ဓာကိုယ်တွင်းအင်္ဂါများကို ပုံမှန်ပြန်ဖြစ်စေခြင်း
- နဂိုမူလ ခန္ဓာကိုယ်အတိုင်း ပြန်လည်ရရှိစေရန် အထောက်အပံ့ကောင်းစွာ ပေးနိုင်ခြင်း
- Made in Myanmar
Code: TB3PSBBXL
tracker id: 11 #6055