• Lif5u5pzakdlkmjikyqp Lif5u5pzakdlkmjikyqp

Two Babies နို့ရည်ခံ Pad, (50 Pcs)

9,950 Ks

Two Babies တစ်ခါသုံးနို့ရည်ခံ Pad လေးဟာ နို့တိုက်မိခင်တွေအတွက် မရှိမဖြစ် အသုံးတည့်တဲ့ ပစ္စည်းလေးဖြစ်ပါတယ်။
နို့တိုက်မိခင်တွေ ညဖက် ဘေဘီလေးတို့ကို နို့တိုက်လို့ နို့လျှံချိန် ၊ အပြင်ထွက်တာ ၊ ရုံးသွားတဲ့အခါ မှာ နို့လျှံခြင်းကြောင့် အဆင်မပြေတာတွေကို ဖြေရှင်းပေးနိုင်တဲ့ တခါသုံးနို့ရည်ခံ Padလေးပါ။
သဘာဝဂွမ်းသားကို အသုံးပြုထားလို့ အရမ်းကိုနူးညံ့ပြီး မျက်နှာပြင်တွင် ပဉ္စဂံအကွက်လေးများ ပုံဖော်ထားသောကြောင့် နို့ထွက်များသောအခါနှင့် နို့သက်လာတဲ့အခါတွေမှာ စုပ်ယူမှု အားကောင်းစေလို့ ယိုစိမ့်ခြင်းမရှိစေအောင် ကာကွယ်ပေးပါတယ်။
တစ်ခါသုံးနို့ရည်ခံ Pad ပုံစံလေးမှာ 3D design လေးဖြစ်လို့ အသုံးပြုရာတွင် ရင်သားကို ပုံကျလှပစေပါတယ်။ ရေစိုခံအလွှာအထပ်ထပ်နဲ့ ထုတ်လုပ်ထားခြင်းကြောင့် လေဝင်လေထွက်ကောင်းပြီး အသုံးပြုနေစဉ်အတွင်း Pad မျက်နှာပြင်ကိုစိုစွတ်မနေစေပဲ ခြောက်သွေ့နေစေပါတယ်။ Two Babies တစ်ခါသုံးနို့ရည်ခံ Pad ကိုအသုံးပြုခြင်းအားဖြင့် နို့သက်၊ နို့လျှံခြင်းကြောင့် ဖြစ်တဲ့ အဆင်မပြေမှုတွေကို ဖြေရှင်းနိုင်ပါတယ်။

အသုံးပြုပုံ
- ဘော်လီရဲ့အတွင်းဘက်တွင် နို့ရည်ခံ Pad ရဲ့ ကပ်ခွာကို ခွာ၍ ကပ်ပြီး အသုံးပြုနိုင်ပါတယ်။
နို့ရည် အနည်းအများပေါ်မူတည်၍ ၄နာရီ မှ ၆နာရီ ထိအသုံးပြုနိုင်ပါတယ်။

သတိပြုရန်- နို့ရည်ခံPadသည် အသားအရေနှင့် ဓာတ်မတည့်မှု ရှိပါက အသုံးပြုခြင်းကို ချက်ချင်းရပ်တန့်ပေးပါ။ အေး၍ ခြောက်သွေ့သောနေရာတွင် သိမ်းဆည်းပါ။ တစ်ခါသုံးဖြစ်တာကြောင့် နောက်တစ်ကြိမ် ထပ်မံ သုံးလို့ မရပါ။

-Two Babies နို့ရည်ခံ Pad
-50 Pcs
-နို့တိုက်မိခင်များအသုံးပြုရန်သင့်တော်ခြင်း
-Tissues Paper
-Wood Pulp Cotton
- ရေစိုခံအလွှာအထပ်ထပ်ပါဝင်ခြင်း
-Made in Myanmar



Code: TB001

tracker id: -2 (on) #6399