Two Babies အမှတ်တံဆိပ် မွေးဖွားပြီးခါစမိခင်သုံး ဒိုက်ပါဟာ ရိုးရိုးမွေးသူကော ခွဲမွေးသူပါအသုံးပြုလို့ရတဲ့ တစ်ခါသုံးဒိုက်ပါလေးဖြစ်ပါတယ်။ ဘောင်းဘီပုံစံဖြစ်တာကြောင့် ၀တ်ရချွတ်ရလွယ်ကူစေတဲ့အပြင် ၀တ်ဆင်ထားချိန်မှာလည်း ပေါ့ပေါ့ပါးပါးရှိပြီး သက်တောင့်သက်သာရှိစေပါတယ်။ ဘောင်းဘီမျှော့ကြိုးကိုလည်း နူးညံ့တဲ့မျှော့ကြိုးပျော့အမျှင်လေးတွေနဲ့ ထုတ်လုပ်ထားတာကြောင့် ခွဲချုပ်ရိုးပေါ်ဖိမိခြင်း၊ နာကျင်ခြင်းများ မဖြစ်ပေါ်စေပါဘူး။ စုပ်ယူမှုအားကောင်းတာကြောင့် ရာသီသွေးများယိုစိမ့်ခြင်း စွန်းထင်ပေကျန်ခြင်းမဖြစ်စေတဲ့အတွက် သွေးဆင်းများသော ရိုးရိုးမွေးမိခင်များအတွက်လည်း အထူးသင့်ေတာ်ပါတယ်။ မွေးဖွားပြီးခါစမိခင်တွေရဲ့ လှုပ်ရှားမှုတိုင်းအတွက် အဆင်ပြေစေတဲ့ဒိုက်ပါလေးဖြစ်ပါတယ်။
- မွေးဖွားပြီးခါစမိခင်သုံး ဒိုက်ပါ
- 5 Pcs ပါ၀င်ခြင်း
- အရွယ်အစား (50 -130 cm)
- ပေါင် -90 မှ ပေါင် -210 အတွင်း၀တ်ဆင်နိုင်ခြင်း
- ရိုးရိုးမွေး/ခွဲမွေးသူအားလုံးအတွက် အသုံးပြုနိုင်ခြင်း
- Made in Myanmar
Code: TB002
tracker id: 28 #6400