• F6bwwj1gogb852a3bxnu F6bwwj1gogb852a3bxnu

True Learning မေမေ့စကား နား ထောင်မယ်

2,500 Ks

ဖေဖေမေမေတို့ရေ ကလေးလေးတွေဆိုတာ အရာရာကို စူးစမ်းချင်တတ်ကြပါတယ်။
သူတို့လေးတွေ သိပ်သိချင်တဲ့အရာတွေ၊ လုပ်ချင်တာတွေကို မိဘတွေတားမြစ်လိုက်တဲ့အခါ ပိုပြီး သိချင်ကြတာ ပိုပြီးလုပ်ချင်ကြတာကလည်း ကလေးတွေရဲ့ သဘာဝပါ။ တစ်ခါတစ်လေမှာ ဘာမှမဟုတ်တာလေးကို မေမေကစိတ်ပူလွန်းနေတာပါလို့ ကလေးလေးတွေ ထင်တတ်ကြပါတယ်။
မိဘတွေက အန္တရာယ်ကို ကြိုမြင်လို့ တားမြစ်တဲ့အခါ ကလေးလေးတွေ စိတ်ထဲမှာ ဘာတွေဖြစ်မလဲ။
မေမေ့စကားနားထောင်မယ် ပုံပြင်လေးထဲမှာ မိုမိုလေးကရော မေမေ့စကားကို နားထောင်မလား၊ နားမထောင်ဘူးလား။
ဘာတွေဆက်ဖြစ်မယ်ဆိုတာကို စာအုပ်လေးထဲမှာ ချစ်စရာကောင်းလှတဲ့ တိရိစ္ဆာန်လေးတွေနဲ့မြင်တွေ့ရမှာဖြစ်ပါတယ်။
ဖေဖေမေမေတို့ရဲ့ ရင်သွေးရတနာလေးတွေမေမေတို့ဖေဖေတို့ ဘာလို့စိတ်ပူတာလဲ။
ဖေဖေမေမေတို့ရဲ့စကားကို နားထောင်သူလေးတွေဖြစ်ဖို့ “ မေမေ့စကားနားထောင်မယ်” ဆိုတဲ့ ပုံပြင်စာအုပ်လေးကို ထုတ်ဝေလိုက်ပါတယ်..



Code: 9788114071963

tracker id: 17 #14669