• Aytw2x1ak6wibfgubm6a Aytw2x1ak6wibfgubm6a

အသက် ရ လမှ ၁၂ လအရွယ် သားသားမီးမီးများအတွက် အရုပ်ပုံး (Toy Box)

21,000 Ks

ဒီအရွယ်ကတော့ လှုပ်ရှားမှုတေွများလာတဲ ့အရွယ်ပေ့ါ။ လူးလှိမ့်ပြီး ထထိုင်တာတေွ၊ ထထိုင်တာကနေ ထရပ်ဖို ့ကြိုးစားတာတေွက ဒီအရွယ်မှာ စတင်နေပြီပေ့ါ။ ၀မ်းလျားထိုးသွားလာနိုင်ပြီ။ အရာဝတ္ထုတစ်ခုခုကို အမှီပြုပြီးမတ်တပ် စမ်းရပ်လာနိုင်ပါပြီ။
အရာဝတ္ထုများပစ္စည်းများကို လက်တစ်ဖက်မှ တစ်ဖက်သို ့ပြောင်းလာနိုင်ပါပြီ။ လက်ချောင်းများကို အသုံးပြုပြီး ပစ္စည်းများ ကောက်နိုင်ဆုပ်ကိုင်လာနိုင်ပါပြီ။ ဒါ့အပြင် အရာဝတ္ထုများကို ဗူး၊ ခွက်တစ်ခုထဲသို ့ထုတ်လိုက်ထည့်လိုက်လုပ်နိုင်လာပြီး ဒါမျိုးလုပ်ရတာကိုလည်း သဘောကျကြပါတယ်။ ကိုယ်ခန္ဓာအစိတ်အပိုင်းတေွကို ခွဲခြား သိရှိလာပြီး ဖွက်ထားတဲ ့အရုပ်တေွကို လိုက်ရှာတာတို ့၊ ဗူးတေွ ပုံးတေွထဲက ပစ္စည်းတေွကို ထုတ်လိုက်ထည့်လိုက် လုပ်တာတေွဟာ ဒီအရွယ်မှာ တော်တော်လုပ်နေကြပါပြီ။
ဒီအရွယ်မှာ သူတို ့ကို နာမည်ခေါ်ယင် သိနေကြပြီလေ။ နာမည်အပြင် အခြား မကြာခဏ ပြောလေ့ရှိတဲ ့စကားလုံးတေွကိုလည်း နားလည်စပြုနေပါပြီ။ မေမေ၊ဖေဖေ စတဲ ့အသံထွက် ပြောနိုင်လာပါပြီ။
ဒီအရွယ်အတွက် သင့်တော်တဲ ့အရုပ်တေွကတော့

တကယ့်အစစ်နဲ ့တူအောင် လုပ်ထားတဲ ့အရုပ်များ- ဥပမာ ကလေးအရုပ်လေးတေွ၊ ရုပ်သေးရုပ်လေးတေွ၊ မေွှးပွရုပ်လေးတေွ (အရုပ်က မျက်လုံး၊ ကြယ်သီးလေးတေွ ပြုတ်မထွက်အောင် သတိထားရပါမယ်) ပလပ်စတစ် သို ့မဟုတ် သစ်သားနဲ ့လုပ်ထားတဲ ့ကားလေးတေွ၊

ပြန်ထည့်လိုက် ပြန်ထုတ်လိုက်လုပ်ရသော အရာများ- ဥပမာ ရေဇလုံနဲ ့ဘောလုံး၊ အရုပ်ပုံးနဲ ့ဘောလုံး၊ ပစ်တိုင်းထောင် အရုပ်၊

အထပ်ထပ်ဆင့်လို ့ရသော အရုပ်များ- အဝတ် သို ့မဟုတ် သစ်သားဖြင့်လုပ်ထားသော လေးထောင့်တုံးများ၊

ကြွက်သားများကို သန်မာလာစေသောအရုပ်များ- ဘောလုံး တို ့ပါ၀င်သင့်ပါတယ်။

အထက်ပါ အချက်တေွပေါ်မူတည်ပြီး စုစည်းထားတဲ ့

၁) စိတ်ကူးရှိယင်ရှိသလို အထပ်ထပ်ဆင့်လို ့ရသော လေးထောင့်တုံးများ၊

၂) ချစ်စရာရုပ်သွင်နဲ ့ပစ်လိုက်တိုင်းထောင်ပြီး အသံထွက်သည့် ပစ်တိုင်းထောင်ရုပ်၊

၃) လက်ညှစ်အားကို သန်စေသည့်အပြင် လှုပ်ရှားမှုကို ပါဖြစ်စေသည့် ဘောလုံး၊

၄) ထုတ်၊သွင်း၊သွန်မေှာက် ပြုလုပ်နိုင်သည့် ခွက်နှင့် ဘောလုံးများ၊

၅) မေွှးပွရုပ်၊

၆) ကားအရုပ်တို ့ပါ၀င်ပါတယ်။
ဒါအပြင့် သားသားမီးမီးလေးတေွနားထောင်ဖို ့အတွက် nursery rhyme သီချင်း ခေွ နဲ ့အရုပ်တစ်ခုချင်းဆီအတွက် အညွှန်းစာအုပ်လေးပါ၀င်ပါမယ်။



Code:

tracker id: 0 #272