S-L701A Auto Rocking Chair ဟာ အလိုအလျောက် လွဲပေးနိုင်တဲ့ ပုခက်လေးဖြစ်ပါတယ်။ မွေးစမှ အသက် တစ်နှစ်ခွဲအရွယ်ရှိ ကလေးငယ်အထိ အသုံးပြုနိုင်ပါတယ်။ ပုခက်လွှဲနှုန်းကို အနှေး အမြန် (၃) ဆင့် ချိန်ညှိအသုံးပြုလို့ရပါတယ်။ အချိန်မှတ်စက်လည်း ပါရှိပြီး အချိန်ကို (၁၅)မိနစ်၊ (၃၀)မိနစ်နဲ့ (၄၅) မိနစ် သုံးမျိုး ချိန်ထားနိုင်ပါတယ်။ AA ဓာတ်ခဲ (၄)လုံးဖြင့် အသုံးပြုနိုင်ပါသည်။ Mobile Phone Charger , Power Bank တို့ဖြင့်လည်း တွဲပြီး အသုံးပြုနိုင်လို့ သုံးရတာ အဆင်ပြေတဲ့ အော်တိုလွှဲပုခက်လေးပါပဲ။ အသုံးမပြုတဲ့အချိန်မှာ ပုခက်လေးကို ခေါက်ထားလို့လည်းရပါတယ်။
တီးလုံးသံလေးလည်းပါ၀င်ပြီး Volume ကို လိုသလို အတိုးအလျော့လုပ်နိုင်ပါတယ်။ အမိုးအုပ် ဇာခြင်ထောင်လေးလည်း ပါတာမို့ ကလေး ခြင်မကိုက်အောင် အုပ်ထားပေးလို့ရပါတယ်။ အမိုးအုပ်လေးကို အိပ်ချိန်မဟုတ်တဲ့အခါ ဖြုတ်ထားလို့ရပါတယ်။ ချစ်စရာ အရုပ်လေးတွေလည်း တွဲလောင်းချိတ်ထားတဲ့ပုံစံနဲ့ ပါဝင်ပါတယ်။ အဝေးထိန်း Remote ပါရှိလို့ တစ်နေရာရာကနေ လှမ်းပြီး ချိန်ညှိလို့လည်း အဆင်ပြေပါတယ်။
သတိပြုရန်
- ပုခက်လွဲနေသည့်နေရာတွင် အတားအဆီးများ ရှိမနေစေရန်သတိပြုပါ။
-Auto Rocking Chair S-L701A,
- ဘတ္တရီ AA size (2 Nos) ဖြင့်အသုံးပြုနိုင်ခြင်း။
- တီးလုံးသံ ပါဝင်ခြင်း (အတိုးအကျယ် ချိန်ညှိလို့ရ)။
- ပုခက်လွှဲနှုန်း အနှေး အမြန် ချိန်ညှိနိုင်ခြင်း။
- (၁၅ မိနစ်) (၃၀ မိနစ်) (၄၅ မိနစ်) Timer သုံးမျိုး ချိန်ညှိအသုံးပြုနိုင်ခြင်း။
- ဖြုတ်၊ တပ်လို့ရတဲ့ ဇာခြင်ထောင် ပါဝင်ခြင်း။
- အလျား - 52cm x အနံ 70cm x အမြင့် 85cm အရွယ်အစားဖြစ်ခြင်း။
- မွေးစမှ ၁၈လ အရွယ် ဝန်းကျင် ကလေးအလေးချိန်အား ခံနိုင်ခြင်း။
Options: pink blue khaki
Code: KLPLSL701R
tracker id: 12 #14196