• Qx02uybnvm6cpp9mteag Qx02uybnvm6cpp9mteag
  • Gvo0evhleq0rg9azg1dl Gvo0evhleq0rg9azg1dl
  • Ddbjaevs6rakm4xztagk Ddbjaevs6rakm4xztagk

Pigeon Breastmilk Storage Bags 180ml/60z

17,350 Ks

o မိခင်များအလုပ်လုပ်နေချိန်၊ ခရီးသွားနေချိန်တွင် နို့ရည်ကိုညှစ်ပြီးသိမ်းထားကာ ကလေးငယ်ကို ပြန်လည် တိုက်ကျွေးနိုင်ပါသည်။
o လုံခြုံစိတ်ချရသော ၂ထပ် ဇစ်ပုံစံဖြင့် ပြုလုပ်ထားခြင်း ။
o အသုံးပြုရလွယ်ကူစေရန် ထောင်၍ထားနိုင်သလို ၊ လှဲ၍လည်း ထားနိုင်ခြင်း။
o နို့ရည်အား သိုလှောင်ထားနိုင်ရန် အေးခဲထားနိုင်ရန်အတွက် Gamma-Rays ဖြင့် ပိုးသတ်ထားခြင်း။
o စာသားများ အပြင်ဘက်တွင် ရိုက်နှိပ်ထားခြင်းကြောင့် မှင်ယိုစိမ့်မှု မရှိခြင်း။
ထိုင်းနိုင်ငံထုတ် ပစ္စည်းဖြစ်ပါသည်။ တစ်ဘူးလျှင်၂၅အိတ်ပါဝင်ပါသည်။

ညှစ်ထားသောနို့ရည်သိမ်းဆည်းခြင်း နှင့် သိမ်းဆည်းထားသောနို့ရည်ပြန်တိုက်ကျွေးခြင်း
အခန်းအပူချိန် ၁၆ မှ ၂၆ °C
၎နာရီ၆နာရီ အတွင်းတိုက်ပါ
(အကြံပြုချက် လက်ရှိ မြန်မာနိုင်ငံရဲ့နွေအပူချိန်က ၃၃°C အထက်မှာမို့ ၂နာရီ နှင့်အထက်မထားပါနှင့်)
Refrigerator ရေခဲသေတ္တာအတွင်း ၄°C နှင့်အောက်
၃ရက် ၅ရက် အတွင်းသာတိုက်ရန်
ရေခဲသေတ္တာ အခဲခန်း -၁၈ မှ -၂၀°C
၃လအတွင်းတိုက်ပါ
-တနေ့ကို ခဏခဏညှစ်ပြီးမတိုက်သေးရင် ရေခဲသေတ္တာထဲထည့်သိမ်းပါ
-လတ်လတ်ဆက်ဆက်ညှစ်ထားသောနို့ရည်ကို အေးနေသောနို့ရည်ဘူးထဲတူတူထည့်မသိမ်းရ
-ရေခဲသေတ္တာတံခါးထဲ ထည့်မသိမ်းရ
-နို့ရည်ထည့်သောဘူး အိတ်များကိုပြည့်အောင်မထည့်ရ
၃/၄ သာထည့်သိမ်းပါ
-ညှစ်သည့်နေ့ရက် အချိန် ရေးပါ
-အေးခဲနေသောနို့ရည်ကို microwave သို့ ရေနွေးဇလုံထဲထည့်မနွှေးရ ဗီတာမင်ဓာတ်များဆုံရှုံးနိုင်ပါတယ်
-ခဲနေသောနို့ရည်ကို ရေခဲသေတ္တာအောက်ခန်းတွင်သာ ပျော်သွားသည့်အထိထားပါ
-ရေနွေးနွေးဇလုံထဲဘူးတိုက်ရိုက် သို့ နို့ရည်နွေးစက်နှင့်သာ နွှေးပါ
-တိုက်ခါနီး ညှင်သာစွာသာမွှေပါ ဘေးတိုက်စောင်းပြီးလှုပ်မွှေပါ ဂျောက်ဂျက်လှုပ်သလိုမမွှေရ Protein ဓာတ်များဆုံးရုံးစေနိုင်ပါတယ်
-တခါသောက်ရုံ လိုသလောက်ကိုသာ ထုတ်ပြီး နွှေးတိုက်ခြင်းကအကောင်းဆုံးပါ
-နွှေးပြီးသားနို့ရည်ကို ပြန်ပြီးအခဲမခံပါနှင့်



Code: 4902508166546

tracker id: 17 #1102